အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ခုခံတုံ့ပြန်မှု အရှိန်မြှင့်မည်ဟု KNU ပြော

ကရင်ပြည်နယ်၊ မူတရော်ခရိုင်အတွင်းရှိ စစ်ကောင်စီလက်နက်ကိုင်များ၏ သီးမူထာစစ်စခန်းကို ယနေ့ မတ်လ ၂၇ ရက်နေ့ နံနက်တွင် ဝင်ရောက်သိမ်းပိုက်လိုက်သည်ဟု KNU က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့အပေါ် ခုခံတုံ့ပြန်မှု အရှိန်မြှင့်လှုပ်ရှားသွားမည်ဟု စစ်တပ်စခန်းတစ်ခုအား ယနေ့သိမ်းယူပြီးချိန်တွင် ကရင်အမျိုးအသားအစည်းအရုံး KNU တပ်မဟာ(၅)က ထုတ်ပြန်လိုက်သည်။

ယနေ့(မတ် ၂၇)တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်-လက်အောက်ခံ ခလရ-၃၄၉ တပ်စခန်းချထားသော ထိုင်း-မြန်မာနယ်စပ် သီးမူထာတပ်စခန်းကို နံနက် ၇ နာရီခန့်တွင် KNU တပ်မဟာ(၅)က သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

KNU မူထြော်ခရိုင်(ဖာပွန်)အနေဖြင့် စစ်ကောင်စီ၏ မည်သည့်အုပ်ချုပ်ရေးယန္တရားကိုမှ လက်မခံဘဲ မိမိနယ်မြေအတွင်း ကော်သူးလေအုပ်ချုပ်ရေးယန္တရားဖြင့်သာ အုပ်ချုပ်သွားမည့်အပြင် နွေဦးတော်လှန်ရေးလုပ်ဆောင်လျက်ရှိသော အလွှာပေါင်းစုံပြည်သူလူထုနှင့် CRPH တို့ကို ထောက်ပံ့ကူညီသွားမည်ဟု ထုတ်ပြန်ချက်တွင်​ ဖော်ပြထားသည်။

KNU သည် အောက်မြန်မာပြည် ဒေသအများအပြားတွင် အခြေစိုက်လှုပ်ရှားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တွေ့ဆုံရန် တောင်းဆိုထားခြင်းကို KNU က ငြင်းပယ်ကြောင်းလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကြေညာခဲ့သည်။

လူထုကို ကာကွယ်စောင့်ရှောက်ရမည့် ရဲနှင့် စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုကို တိုက်ခိုက်၊ သတ်ဖြတ်၊ စစ်ဆင်နေခြင်းမှာ နိုင်ငံအတွက် ရှက်စရာဖြစ်ကြောင်း၊ လက်မခံနိုင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

နိုင်ငံရေးမှ တပ်မတော်နုတ်ထွက်ရန်၊ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းကာ အာဏာလွှဲပြောင်းပေးရန်လည်း တောင်းဆိုထားသည်။ 

တိုက်ပွဲတချို့ကို ကချင်ပြည်နယ်တွင်လည်း တွေ့နိုင်သည်။

ကချင်ပြည်နယ်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းတချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သွားရောက်တိုက်ခိုက်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button