အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်၏ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မည့် ရခိုင်ပါတီသစ်ထူထောင်ရန်ပြင်ဆင်

ရခိုင်ပြည်နယ်မြိုနယ် အများစုကို စစ်ကောင်စီက လက်လွှတ်ထားရပြီဖြစ်သလို တိုက်ပွဲများဆက်လက်ဖြစ်ပွားနေချိန် ရခိုင်တိုင်းရင်းသားများကိုယ်စားပြုအမည်ဖြင့် ပါတီသစ်များ ဆက်လက်ထွက်ပေါ်နေသည်။

စစ်ကောင်စီက အကြီးအကျယ်ပြင်ဆင်နေသည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရခိုင်တိုင်းရင်းသားများပါတီ (RNP) အမည်ဖြင့် ပါတီသစ်တစ် လျှောက်ထားမှုရှိသည်ဟု စစ်ကောင်စီက ၎င်းတို့ဝါဒဖြန့်သတင်းစာတွင် ယနေ့ (ဧပြီ ၈ ရက်)တွင် ထုတ်ပြန်ထားသည်။

လွန်ခဲ့သည့် တစ်နှစ်ကျော်မှစ၍ အာရက္ခတပ်တော် (AA)၏ ထိုးစစ်ဆင်မှုနှင့်အတူ ရခိုင်ပြည်နယ်မြိုနယ် အများစုကို စစ်ကောင်စီက လက်လွှတ်ထားရပြီဖြစ်သလို တိုက်ပွဲများဆက်လက်ဖြစ်ပွားနေချိန် ရခိုင်တိုင်းရင်းသားများကိုယ်စားပြုအမည်ဖြင့် ပါတီသစ်ကို ယမန်နေ့တွင် လာရောက်လျှောက်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုနှစ် ဒီဇင်ဘာလကုန်ပိုင်း သို့မဟုတ် လာမည့်နှစ် ဇန်နဝါရီလဆန်းပိုင်းမှာ ရွေးကောက်ပွဲလုပ်ရန် စစ်တပ်က ပြင်ဆင်နေခြင်းဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ စုစုပေါင်း ၇၀ ကျော်ရှိသည်။ အဆိုပါ နိုင်ငံရေးပါတီများအနက် ပါတီ ၅၀ ကို   မှတ်ပုံတင်ခွင့်ပြုထားပြီး ပါတီသစ်တည်ထောင်ခွင့် လျှောက်သည့်ပါတီ ၂၁ ခုရှိသည်ဟု UECက ထုတ်ပြန်ထားသည်။

အင်အားကြီးနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP)ခေါင်းဆောင်များက ၎င်းတို့ပါတီကို ပြန်လည်မှတ်ပုံတင်ရန် ယမန်နှစ်က လျှောက်ထားခဲ့သော်လည်း စစ်ကောင်စီက ပယ်ချခဲ့သည်။

သို့သော် ရခိုင်တိုင်းရင်းသားများပါတီ ( Rakhine Nationalities Party – RNP)၏ ပါတီတည်ထောက်ခွင့်လျှောက်ထားမှုကို စိစစ်နေသည်ဟု စစ်တပ်၏ ရွေးကောက်ပွဲကော်မရှင် (UEC)က ဆက်လက်ထုတ်ပြန်ထားသည်။

ဒေါက်တာ အေးမောင်ဦးဆောင်သည် ရခိုင့်ဦးဆောင်ပါတီ ( AFP)နှင့် ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ တို့ကိုလည်း စစ်တပ်က မှတ်ပုံတင်ခွင့်ပြုထားပြီဖြစ်ရာ ယခုနှစ်ကုန်ပိုင်းမှာ ကျင်းပရန် လျာထားသည့် စစ်တပ်ရွေးကောက်ပွဲမှာ ဝင်မည့် ရခိုင်နိုင်ရေးပါတီ သုံးခုဖြစ်လာမည့်အနေအထားဖြစ်သည်။

အသစ်လျှောက်ထားသည့် ပါတီသစ်ကို ဦးဘရှိန်ဆိုသူအပါဝင် ANPပါတီဝင်အချို့ ဦးဆောင်မည်ဟု သတင်းများထွက်ပေါ်နေကြောင်း၊ သို့သော် ပါတီအသစ်တွင် ပါတီဗဟိုအဆင့် တာဝန်ရှိသူများ ပါဝင်ခြင်းမရှိကြောင်း ANPပါတီမှ သတင်းအရင်းမြစ်တစ်ဦးက ဆိုသည်။

ဦးဘရှိန်သည် ကျောက်ဖြူမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲတို့တွင် အနိုင်ရရှိခဲ့ဖူးသူဖြစ်သည်။

“အသစ်လျှောက်ထားတဲ့ပါတီကို ဆုံးဖြတ်ပေးရမှုကို  သင့်တော်၏၊ မသင့်တော်၏ကို ရခိုင်ပြည်သူလူထုကပဲ ဆုံးဖြတ်ရမယ်လို့ မြင်ပါတယ်။ (ပါတီသစ်မှာ) ကျွန်တို့ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ၊ လူသိများတဲ့ပါတီဝင်တွေ မပါဘူးဆိုတာတော့ သေချာတယ်”ဟု အထက်ပါ သတင်းအရင်းမြစ်က ပြောသည်။

Myanmar Nowအနေဖြင့် ဦးဘရှိန်အား ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button