အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန် NLD ရုံးချုပ် မီးကွင်းပစ်ခံရ

ယနေ့ (မတ် ၂၆) နံနက်အစောပိုင်းက ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမပေါ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်အတွင်းသို့ မီးကွင်းပစ် မီးရှို့မှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးထံမှ သိရသည်။

ယနေ့နံနက် ၄နာရီကျော်တွင် ဟိုက်ဂျက်ကားတစ်စီးဖြင့် မည်သူမည်ဝါမှန်းမသိရသေးသူများက မီးကွင်းပစ်ရာမှ စတင်မီးလောင်ခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်နေပြည်သူများက ဝိုင်း၍ ငြှိမ်းသတ်ပေးမှုကြောင့် ၄ နာရီ ၄၅တွင် မီးငြိမ်းသွားသည်ဟု သိရသည်။

 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ဟိုက်ဂျက်နဲ့လာပစ်တာ။ ဟိုက်ဂျက်တစ်စီးဖြတ်မောင်းသွားတဲ့အချိန်မှာ ဘုန်းခနဲ့ အသံထွက်လာပြီး မီးလောင်တာ။ ဘယ်နှယောက်လဲ မသိလိုက်ဘူး။ မီးလောင်တာသိတော့ ရပ်ကွက်က ငြှိမ်းပေးလိုက်တာ” ဟု NLD ရုံးချုပ်မီးလောင်မှုကို ငြှိမ်းသတ်ရာတွင် ပါဝင်ခဲ့သူတစ်ဦးက Myanmar Now ကို ပြောသည်။

မီးလောင်မှုကြောင့် NLD ရုံးချုပ်တံခါးများ၊ ပရိဘောဂပစ္စည်းများနှင့်  ရေမော်တာတစ်လုံးလည်း ပျက်စီးဆုံးရှုံးသွားပြီး မီးရှို့ခံရမှုအပေါ် အမှုဖွင့်ဆောင်ရွက်သွားမည်ဟု NLD ပါတီမှ ဦးစိုးလေးက Myanmar Now ကို ပြောသည်။

NLD ပါတီရုံးချုပ် မီးလောင်နေချိန်တွင် ရပ်ကွက်နေပြည်သူများက ဘုံပိုင်ရေပိုက်ခေါင်းများမှ ရေဖြင့် မီးသတ်ရန် လုပ်ဆောင်ခဲ့သော်လည်း ရေ လုံးဝမလာကြောင်း အထက်ပါ ပြည်သူက ရှင်းပြသည်။

“ထူးခြားတာက ရေဖြတ်ထားတယ်။  NLD ရုံးတဝိုက်မှာ ရေလုံးဝမလာဘူး။ မီးငြှိမ်းဖို့ ရေငုတ်ကိုဖွင့်တော့ ရေမလာဘူး။ ကျွန်တော်တို့ ရေပုံးတွေနဲ့ ယူပြီး မီးငြှိမ်းလိုက်ရပါတယ်။ ကားရေဆေးဖို့ လုပ်ထားတဲ့ ရေပိုက်ခေါင်းတွေက ရေမလာဘူး။ မီးသတ်ဆေးဘူးတွေ အဆင်သင့်ရှိနေလို့သာ ကျွန်တော်တို့ မီးငြှိမ်းနိုင်ခဲ့တာ”ဟု ၎င်းက ပြောသည်။

မီးကွင်းပစ်သူသည် လမ်းမပေါ်မှာ NLD ရုံးချုပ်အတွင်းသို့ ဒီဇယ်ပုလင်းဖြင့် ပစ်ခတ်လိုက်သဖြင့် ရုံးအတွင်းထဲထိ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ပြည်သူများက နာရီဝက်ကျော်ကျော် ငြှိမ်းသတ်ခဲ့ရပြီး မီးငြှိမ်းသတ်ပြီးမှသာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရောက်ရှိလာခဲ့သော်လည်း ရေမပါကြောင်း သိရသည်။

NLD ဌာနချုပ်မီးရှို့ခံရမှုနှင့်ပတ်သက်၍ ဗဟန်းမြို့နယ် NLD ကိုယ်စားလှယ် ဦးထွန်းမြင့်က “အမည်မသိလူရမ်းကားတစ်စုမှ မော်တော်ယာဉ်ဖြင့် လာရောက်မီးကွင်းပစ်သွားခဲ့ပါသည်။ အနီးအနားရှိ ပြည်သူများက မီးသတ်ဆေးဘူးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ ၄:၅၀ခန့်တွင် မီးငြှိမ်းသွားပါသည်။ မည်သည့်တာဝန်ရှိသူ တစ်ဦးတစ်ယောက်မျှ လာရောက်ဆောင်ရွက်ခဲ့ခြင်းမရှိပါ” ဟု ၎င်း၏ facebook ပေါ်တွင် ရေးသားထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button