စီးပွားရေးကျဆင်းလာတဲ့ စစ်ကောင်စီဟာ ဒေါ်လာစီးဆင်းမှု ကန့်သတ်လိုက်တာကြောင့် နိုင်ငံတွင်း စက်သုံးဆီရှားပါးပြီး ပြည်သူတွေ လောင်စာဆီတန်းစီဝယ်ယူရတဲ့ အခြေအနေအထိ နိုင်ငံဟာ အခြေအနေဆိုးသွားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနဲ့ ထိုင်းနယ်စပ်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ ထိုင်းအာဏာပိုင်တွေက စက်သုံးဆီအပါအဝင် ကုန်စည်တချို့ တင်သွင်းမှု ကန့်သတ်လိုက်တဲ့အခါ ထိုင်း−မြန်မာနယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့အထိသွားရောက်ပြီး မြန်မာနိုင်ငံသားတွေ ဆီတန်းစီဝယ်ယူရတဲ့ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ် ထပ်ပေါ်ပေါက်လာပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းကစပြီး ကရင်ပြည်နယ် မြဝတီ၊ ဘုရားသုံးဆူမြို့နဲ့ ရှမ်းအရှေ့တာချီလိတ်မြို့တွေမှာ ထိုင်းဘက်က ရောင်းချတဲ့ လျှပ်စစ်ဓာတ်အားနဲ့ စက်သုံးဆီကို စတင်ဖြတ်တောက်ခဲ့တဲ့အပြင် မြန်မာဘက်ကို မိုဘိုင်းဖုန်း၊ ဘက်ထရီ၊ မီးအားမြှင့်စက်၊ မီးစက်ဆိုလာပြား၊ လျှပ်စစ်ကေဘယ်ကြိုး အပါဝင် ကုန်စည် ၁၁ မျိုး ရောင်းချမှု ပိတ်ပင်ခဲ့တာပါ။
ဒီလိုစက်သုံးဆီ တင်သွင်းခွင့် ပိတ်လိုက်တာကြောင့် မြန်မာဘက်ခြမ်းကနေ နယ်စပ်ဖြတ်ကျော် စက်သုံးဆီဝယ်ယူသူ သူများပြားလာတာဖြစ်ပါတယ်။