ဓာတ်ပုံအက်ဆေး

ယင်းမာပင်မြို့နယ်မှ NUG ကျောင်းပေါင်းစုံ မီနီမာရသွန် ပြိုင်ပွဲ

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်အနောက်ခြမ်းမှာ ဇန်နဝါရီ ၂၉ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျောင်းပေါင်းစုံ ၆ မိုင် မီနီမာရာသွန်ပြိုင်ပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ ၆ မိုင် မာရသွန်ပွဲမှာ ယင်းမာပင်မြိို့နယ်အတွင်း ကျေးရွာ ၁၀ ရွာကျော်က ကျောင်းသား ၁၂၀ ကျော် ပါဝင်ခဲ့ကြသည်။

ယခုကဲ့သို့ မာရသွန်ပြိုင်ပွဲ ပြုလုပ်ပေးခြင်းသည် အညာ ယင်းမာပင်ဒေသရှိ ကျောင်းသားများအတွက် စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးရန်ဖြစ်သည်ဟု
ပွဲစီစဉ်သူ ကျောင်းဆရာများက ပြောသည်။

၂၀၂၁ စစ်ကောင်စီ အာဏာသိမ်းကတည်းက နယ်မြေမအေးချမ်းသည့်အတွက် ယင်းမာပင် အနောက်ခြမ်းကျေးရွာများတွင် ယခုနှစ်မှသာ ကျောင်းပေါင်းစုံ မာရသွန်ကို ကျင်းပနိုင်ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button