အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

Non-CDM ဝန်ထမ်းများစစ်မှုထမ်းရမည်

ယမန်နေ့က (ဇန်နဝါရီ ၂၃)အတည်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများသည် စစ်မှုထမ်းရမည်ဖြစ်သည်။

ယမန်နေ့က (ဇန်နဝါရီ ၂၃)အတည်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများသည် စစ်မှုထမ်းရမည်ဖြစ်သည်။

စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသည့် Non-CDM ဝန်ထမ်းများသည် စစ်ဘက်နှင့်အရပ်ဘက် နှစ်နေရာစလုံးတွင် အမည်စာရင်းပေါက်မည်ဖြစ်သော်လည်း မူလရရှိသည့်ဝန်ထမ်းလစာနှင့် တပ်သားသစ်အဖြစ်ရရှိမည့်လစာနှစ်ခုထဲမှ နှစ်သက်ရာတစ်ခုကိုသာ လက်ခံရရှိမည်ဟု ပြဌာန်းထားသည်။

စစ်ဗိုလ်များသည်အရပ်ဘက်ပြောင်းပါက စစ်ဘက်နှင့်အရပ်ဘက် နှစ်နေရာစလုံးအတွက် နှစ်သီးစားလစာများ ရသော်လည်း စစ်မှုထမ်း Non-CDM ဝန်ထမ်းများကတော့ ယင်းအခွင့်အရေးရရှိမည်မဟုတ်ပါ။

ယင်းအစားNon-CDM ဝန်ထမ်းများသည် ရာထူးတိုးစာမေးပွဲဖြေရန်ရှိလာပါက လူတွေ့နှင့်ရေးဖြေ နှစ်ခုစလုံးအတွက် ဖြေဆိုစရာမလိုဘဲ ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။

Non-CDM ဝန်ထမ်းများသည် စစ်မှုထမ်းသတ်မှတ်ကာလပြည့်ပါက အရပ်ဘက်သို့မပြန်ဘဲ အမြဲတမ်းစစ်သားအဖြစ် ဆက်လက်လျှောက်ထားနိုင်ကြောင်းလည်း စစ်မှုထမ်းနည်းဥပဒေတွင်ပါဝင်သည်။

အာဏာရှင်ဟောင်းဗိုလ်ချုပ်သန်းရွှေကရေးဆွဲခဲ့ပြီး အာဏာရှင်လက်သစ်ဗိုလ်ချုပ်မင်းအောင်လှိုင်က ၂၀၂၄ တွင်အတည်ပြုခဲ့သည့် စစ်မှုထမ်း ဥပဒေအရ သာမန်အရပ်သားများထဲမှ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ဆိုနိုင်သည်။

ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ပါက စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားကို အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု သတ်မှတ်ထားသည်။

အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button