အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိုးကောင်းရှိ စစ်တပ် စခန်းတစ်ခုအား KIA ထပ်မံတိုက်ခိုက်

“ဒီမနက် ၃နာရီ ကတည်းကနေ မိုးကောင်း နန့်ဟိုင် တပ်စခန်းကို KIA က လာဝင် ပစ်သွားတယ်ကြားတယ်။ မိုးကောင်းနဲ့ ကာမိုင်းကြားမှာ ရှိတဲ့ရွာပေါ။ တပ်ဘက်ကလည်း ဟတ်စကီးနှစ်စီးနဲ့ ပြန်စစ်ကူတိုက်တယ်လို့လည်းကြားတယ်။ သေနတ်သံတွေ ကြားတော့ ဒေသခံတွေ စစ်ရှောင်ကြတာလည်းရှိတယ်။ ဘယ်နှဦးတော့ မသိဘူး။ အဲဒီမှာ ထိခိုက်ဒဏ်ရာရတာ လေးယောက်လောက်ရှိတယ် ကလေးငယ်တွေ။ တပ်ကနေ ပစ်တဲ့ ကျည်ပေါ့” ဟု ​ဒေသခံတစ်ဦး က ပြောသည်။

တိုက်ပွဲဖြစ်စဉ်ကို ဒေသအခြေစိုက် Kachinwaves သတင်းဌာနက ဖော်ပြခဲ့ရာ ပစ်ခတ်သံများ ဆက်တိုက် ကြားနေရသည့် ရုပ်သံဖိုင်နှင့် ဘုရားကျောင်းတစ်ခုသို့ ဒေသခံများ တိမ်းရှောင် လာသည့် ပုံများကို တွေ့ရသည်။


KIA ကမတ်လ ၁၁ ရက်တွင် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး စစ်တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ပြီးနောက်​နေ့တွင် ထပ်မံ တိုက်ခိုက်ခြင်းဖြစ်သည်။

​ကေအိုင်​အေ အရာရှိတစ်ဦးကမူ တပ်မတော် စခန်းများကို တိုက်ခိုက်ရန် ညွှန်ကြားထားမှု မရှိဟု ယနေ့ မနက်တွင်ပြောသည်။ ယနေ့ စစ်ရေး အခြေအနေများကိုလည်း မကြားမိသေးဟု ၎င်းကဆိုသည်။

“ရှေ့တန်းက တပ်မှူးတွေ ဘာကြောင့်တိုက်တယ်ဆိုတာ ကျွန်တော်တို့လည်း သူတို့ကို စစ်ဆေးနေဆဲ အနေအထားပဲဖြစ်ပါတယ်။ KIO အနေနဲ့တော့ မြို့ပေါ်မှာ ဝင်ပြီးမှ တိုက်ခိုက်တာတွေ မလုပ်ဖို့ ညွှန်ကြားထားတာ ရှိပါတယ်။ နောက်ပြီးတော့ တပ်မတော် စခန်းတွေ ဝင်စီးတာမျိုးတွေ ‌ဝင်ပြီးမှ တိုက်တာမျိုးတွေ မလုပ်ဖို့ နောက်ပြီး ပြည်သူလူထု ရှိတဲ့နေရာတွေ ရပ်ရွာတွေမှာ တိုက်ပွဲမဖြစ်အောင် ဆိုပြီးမှ ညွှန်ကြားထားတာ ရှိပါတယ် “ဟု အထက်ပါအရာရှိကပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

KIA နှင့် အာဏာသိမ်းစစ်တပ်တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း လွန်ခဲ့သည့် တစ်လကျော်ကတည်းက တိုက်ပွဲများမကြာခဏ ဖြစ်ပွားခဲ့သည်။ ယခုရက်ပိုင်းတွင် ရှမ်းမြောက်ဒေသ၌ တိုက်ပွဲဖြစ်ပွားမှု မရှိဟု ​ကေအိုင်​အေ အရာရှိက​ပြော သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button