အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

AA က အမ်းကိုသိမ်းပြီးနောက် ဂွမြို့နှင့် ဧရာဝတီတိုင်းရှိ မော်တင်စွန်းထိ ဆက်တိုးနိုင်

ရခိုင်ပြည်နယ်တောင်ပိုင်း အမ်းမြို့ရှိ စစ်ကောင်စီ၏ အနောက်တောင်တိုင်း စစ်ဌာနချုပ်ကို ယနေ့(ဒီဇင်ဘာ ၂၀) တွင် အပြီးအပိုင်သိမ်းပိုက်ခဲ့သည့် အာရက္ခတပ်တော် (AA) သည် ၎င်းတို့၏ထိုးစစ်ကို အမ်းမြို့အနီးရှိ ဂွမြို့နှင့် ဧရာဝတီတိုင်းရှိ မော်တင်စွန်းအငူထိ ဆက်လက်စစ်ချီတိုက်ခိုက်မည်ဟု မျှော်မှန်းကြောင်း ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ထုတ်ဖော်ပြောဆိုလိုက်သည်။

ရခိုင်ပြည်နယ်တောင်ပိုင်း အမ်းမြို့ရှိ စစ်ကောင်စီ၏ အနောက်တောင်တိုင်း စစ်ဌာနချုပ်ကို ယနေ့(ဒီဇင်ဘာ ၂၀) တွင် အပြီးအပိုင်သိမ်းပိုက်ခဲ့သည့် အာရက္ခတပ်တော် (AA) သည် ၎င်းတို့၏ထိုးစစ်ကို အမ်းမြို့အနီးရှိ ဂွမြို့နှင့် ဧရာဝတီတိုင်းရှိ မော်တင်စွန်းအငူထိ ဆက်လက်စစ်ချီတိုက်ခိုက်မည်ဟု မျှော်မှန်းကြောင်း ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ထုတ်ဖော်ပြောဆိုလိုက်သည်။

“ဧရာဝတီတိုင်းဖက်ကိုကျော်ပြီး မဟာမိတ်တွေနဲ့တွဲပြီး စစ်ကောင်စီကို ဆက်ပြီးတိုက်ကောင်း တိုက်နိုင်တယ်ပေါ့။ အဲဒါကတော့ ဂွကျပြီးတော့ ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေပါ” ဟု AA နှင့် နီးစပ်မှုရှိသူ ဦးဖေသန်းက Myanmar Now အားပြောကြားသည်။

AA သည် ရခိုင်ပြည်နယ်မြို.တော် စစ်တွေ၊ မာန်အောင် နှင့် ကျောက်ဖြူမြို့များကလွဲ၍ ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို စစ်ကောင်စီလက်ထဲမှ သိမ်းယူထားသည်။

မြန်မာနိုင်ငံအနောက်ဖက် စစ်တပ်၏အကြီးမားဆုံး စစ်အခြေစိုက်စခန်းဖြစ်သော အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မသိမ်းမီ ရခိုင်ပြည်နှင့် မြန်မာပြည်မကို ဆက်ထားသော တောင်ကုတ်မြို့အားသိမ်းပိုက်ခဲ့သကဲ့သို့၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်လုံးကို ထိန်းချုပ်ထားပြီးဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ဂွကျသွားရင် ဂွချောင်းရဲ့ တစ်ဖက်မှာရှိတဲ့ ချောင်းသာ၊ ငွေဆောင်နဲ့ မော်တင်စွန်းလည်း တစ်ချိန်က ရခိုင်တို့ရဲ့ ပိုင်နက်နယ်မြေလို့ ခံယူထားတဲ့အတွက် အဲဖက်ကိုလည်း စစ်ကမျှားဦး လှည့်သွားနိုင်တယ်ပေါ့” ဟု ဦးဖေသန်းကဆိုသည်။

ပြည်မနှင့် ဆက်သွယ်ထားသော အမ်း၊ တောင်ကုတ်၊ ဂွမြို.အားလုံးကို AA က ထိန်းချုပ်နိုင်ပါက စစ်ကောင်စီက နှစ်စဥ်ဒေါ်လာဘီလျံချီရနေသည့် ရခိုင်ပြည်နယ်ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းလုပ်ငန်းများလည်း ၎င်း၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်မည့်အခြေအနေရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles