အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အင်ဒိုနီးရှားနှင့် တွေ့ဆုံရန် မြန်မာစစ်ကောင်စီကိုယ်စားလှယ် ဘန်ကောက်ရောက်ရှိ 

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးရန် မြန်မာစစ်ကောင်စီက ခန့်အပ်ထားသည့် နိုင်ငံခြား ရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ဘန်ကောက်မြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း  Reuters သတင်းက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်ခရီးစဉ်ကို ဖျက်သိမ်းပြီးနောက် ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းယူခဲ့သည့် စစ်ကောင်စီနှင့် ထိုင်းနိုင်ငံ ဘန်ကောက်တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ 

မြန်မာစစ်တပ်အနေဖြင့် ရွေးကောက်ပွဲကတိ အကောင်အထည်ဖော်နိုင်ရေး အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဖိအားပေးသင့်ကြောင်း အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းနေသည်ဟု Reuters သတင်းဌာနက ရေးသားပြီးနောက် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားကို လေးစားရမည်ဖြစ်ကြောင်း အင်ဒိုနိုင်ငံခြား ရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ 

ထို့နောက် ဖေဖော်ဝါရီ ၂၅ ရက်တွင် နေပြည်တော်သို့ နေ့ချင်းပြန်ခရီးလာရောက် စီစဉ်ခဲ့သော  အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်ကို အခြေအရ ဖျက်သိမ်းခဲ့ဖြစ်ကြောင်း အင်ဒိုနိုင်ငံခြား ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးသည် ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ဘန်ကောက်မြို့သို့ရောက်ရှိလ ာပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နှင့် တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း ဘန်ကောက်အ ခြေစိုက် အာဆီယံရေးရာကျွမ်းကျင်သူ Kavi Chongkittavorn က ပြောသည်။ 

“အင်ဒိုနိုင်ငံခြားရေးဝန်ကြီး Retno နဲ့ Don (ထိုင်းနိုင်ငံခြားရေးဝန်ကြီး) ကြား တိုင်ပင်ညှိနှိုင်းက အရမ်းကို အရေးကြီးပါတယ်။ ဘာကြောင့်ဆို အဲဒါက အနာဂတ် စစ်အုပ်စုနဲ့ ဆက်ဆံရေးမှာ အာဆီယံအတွက်သာ မက တစ်ကမ္ဘာလုံးနဲ့ပါ သက်ဆိုင်နေလို့ပဲ” ဟု ၎င်းက ပြောသည်။

မြန်မာအနေဖြင့် အာဆီယံပဋိညာဉ်ကို လိုက်နာရန်လိုအပ်ပြီး ယခုတစ်ကြိမ်တွင် အာဆီယံအနေဖြင့် မြန်မာ စစ်အုပ်စုကို ကာကွယ်ပေးလိမ့်မဟုတ်ကြောင်းလည်း Kavi Chongkittavorn က ဆိုသည်။  

အင်ဒိုနိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်ခရီးစဉ်နှင့် ပတ်သက်၍ Facebook လူမှုကွန်ရက်တွင် ဆန့်ကျင် ကန့်ကွက်မှုများ ရှိခဲ့သည့်နည်းတူ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကန့်ကွက်နေသူ ပြည်သူများက ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားသံရုံးရှေ့တွင် ယမန်နေ့တွင် သွားရောက်ဆန္ဒပြခဲ့ကြသည်။

အင်ဒိုနိုင်ငံခြားရေးဝန်ကြီးသည် အာဏာသိမ်း မြန်မာစစ်ကောင်စီနှင့် ပထမဆုံး တွေ့ဆုံဆွေးနွေးသည့် နိုင်ငံတကာ သံတမန်ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles