အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

နှစ်လနီးပါးကြာ တိုက်ယူခဲ့ရတဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ

လူဦးရေ ခုနှစ်ထောင်နီးပါးသာ နေထိုင်တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက ပင်လည်ဘူးမြို့ကို လက်မလွှတ်ရဖို့ စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် ခုခံခဲ့ပေမယ့် မြို့သိမ်းတိုက်ပွဲ ၂လနီးပါးအကြာ အောက်တိုဘာလ ၈ရက်နေ့မှာတော့ တော်လှန်ရေးတပ်ပေါင်းစုက မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အထိနာပြီး၊ ရိက္ခာပြတ်လပ်သွားတဲ့ စစ်ကောင်စီရဲ့ မြေပြင်တပ်ဖွဲ့ဝင်တွေဟာ လက်နက်ချပြီး၊ မြို့ကနေ ဆုတ်ခွာခွင့်ပြုဖို့ အောက်တိုဘာလ ၇ရက်နေ့ညက ခွင့်တောင်းခဲ့တာကို တော်လှန်ရေးတပ်တွေက ခွင့်ပြုပေးလိုက်ရာကနေ အောက်တိုဘာ ၈ရက်နေ့ မနက်ပိုင်းမှာတော့ ပင်လည်ဘူးမြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း လက်နက် ၄၀၀ ကျော်နဲ့ ဘိန်းဖြူတွေ အများအပြားကိုလည်း သိမ်းဆည်းရခဲ့သလို စစ်သုံ့ပန်း အများအပြားကိုလည်း ဖမ်းမိထားတယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။ ပင်လည်ဘူးကို သိမ်းပိုက်ပြီးတဲ့နောက် တော်လှန်ရေးတပ်တွေဟာ စစ်ရေးအရ အရေးပါတဲ့ ကောလင်း၊ ကန့်ဘလူ၊ ကျွန်းလှမြို့တွေကို ‘ကသုံးလုံးစစ်ဆင်ရေး’ အဖြစ် ဆက်လက်တိုက်ခိုက်၊ သိမ်းပိုက်လိမ့်မယ်ဆိုတဲ့ မှန်းဆချက်တွေလည်း ရှိနေပါတယ်။ သတင်း၊ တင်ဆက် – မြတ်ကြီး

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button