အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်သတင်းပေးသံသယဖြင့် လားရှိုးမှ လူ ၂၀ ခန့်ကို MNDAA ဖမ်းဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီတပ်က နေ့စဉ်နီးပါး လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်နိုင်ရန် သတင်းပေးများရှိနေကြောင်း ကိုးကန့်တပ် MNDAA ကယူဆနေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ  နေ့စဉ်နီးပါး ဗုံးကြဲတိုက် ခိုက်နိုင်ရန် သတင်းပေးခဲ့သော လူ ၂၀ ကျော်ကို ကိုးကန့်တပ် (MNDAA) ၏ ကွပ်ကဲမှုအောက်ရှိ လားရှိုးမြို့ အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးစစ်ဆေးနေသည်ဟု သိရသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိခဲ့ရာ လာရှိုးမြို့ကို  MNDAA က သြဂုတ်လဆန်းပိုင်းတွင်  အပြီးသတ်သိမ်းပိုက်ပြီးနောက် ဩဂုတ် ၃၀ ရက်မှ စတင်ကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်နိုင်ရန် စစ်တပ်ထံ သတင်းပေးသူများရှိနေခြင်းကြောင့်ဟု ယူဆရသူ လူ ၂၀ ကျော် ကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်ဟု လားရှိုးမြို့ပြန်လည်ထူ ထောင်ရေးအဖွဲ့၏ ဖေ့ဘွတ်ခ် လူမှုကွန်ယက်စာမျက်နှာတွင် ယနေ့(အောက်တိုဘာ ၁၀) နံနက်က ထုတ်ပြန်ဖော်ပြထားသည်။

 “စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုစတင်ပြီးနောက်ပိုင်းမှ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်”ဟု လားရှိုးမြို့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ လားရှိုးမြို့ပြန်လည်ထူ ထောင်ရေးအဖွဲ့ ဖေ့ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပြည်သူ၏ သတင်းပေးချက်အရ ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ပြီး အပြစ်မရှိပါက ပြန်လွှတ်ပေးသွားမည် ဖြစ်ကြောင်း၊ အပြစ်ရှိမှသာ ဆက်လက်ဖမ်းဆီးထားမည်ဟု ဆိုသည်။

“လတ်တလောတော့ သေဒဏ်ပေးတဲ့အထိ ပြစ်ဒဏ်ချတာမျိုး မရှိသေးပါဘူး။ ယာယီဖမ်းဆီးထိန်း သိမ်းထားတာမျိုးပဲ ရှိပါသေးတယ်”ဟုMNDAA အရာရှိတစ်ဦးက ပြောဆိုနေသည်ကို အဆိုပါရုပ်သံဖိုင်တွင် တွေ့ရသည်။  

စစ်တပ်သတင်းပေးဟု သံသယရှိသူများအား ရပ်ကွက် အုပ်ချုပ်ရေးရုံးများသို့ လာရောက်သတင်းပို့ကြ ရန် လားရှိုးမြို့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားသည်။ 

စစ်တပ်သတင်းပေးများနှင့်ပတ်သတ်၍ ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့ထံ အသေးစိတ် မေးမြန်းသော်လည်း ဖြေဆိုခြင်းမရှိသေးပေ။ 

MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်အတွင်း ယနေ့(အောက်တိုဘာ ၁၀) နံနက်အစော ၂ နာရီဝန်းကျင် က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရပြီး ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးမြို့ပြန်လည် ထူထောင်ရေးအဖွဲ့က ဖော်ပြသည်။

သိန္နီမြို့အရှေ့ဘက် ၂ မိုင်အကွာရှိ မန်ချက်ကျေးရွာကို ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး နေအိမ်အများအပြား ထိခိုက် ပျက်စီးကြောင်း၊ သေဆုံးသူ မရှိကြောင်း သိရသည်။ 

လက်ရှိတွင် သိန္နီမြို့တဝိုက်မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပြတ်တောက်နေသဖြင့် အသေးစိတ် အခြေအနေ မေးမြန်းနိုင်ခြင်းမရှိသေးပေ။ 

စစ်တပ်သည် ၎င်းတို့ လက်လွှတ်လိုက်ရသည့် လားရှိုးမြို့ကို စက်တင်ဘာလဆန်းပိုင်းမှ အောက်တိုဘာ ၆ ရက်ဝန်းကျင်အထိလေယာဉ်ဖြင့် မကြာခဏ လာရောက်ဗုံး ကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု MNDAA လက်အောက်ခံ လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် လားရှိုးဒေသခံ ၉ ဦးသေဆုံးကာ လူ ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိထား ကြောင်း အထက်ပါအဖွဲ့၏ စာရင်းတွင် ဖော်ပြထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles