အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

လက်နက်စွန့်ဖို့ စစ်ကောင်စီ ကမ်းလှမ်းချက် သူတို့ဘယ်လို တုံ့ပြန်ကြသလဲ

စစ်ကောင်စီ၏ စက်တင်ဘာ ၂၆ ရက်ထုတ်ပြန်ချက်တွင် လက်နက်ကိုင်တော်လှန်သည့် လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးပါတီထောင်ကာ ရွေးကောက်ပွဲဝင်သည့် နည်းလမ်းဖြင့်ဖြေရှင်းရန် ကမ်းလှမ်းထားသည်။ ကမ်းလှမ်းချက်တွင် တော်လှန်ရေးအင်အားစုကို အကြမ်းဖက်အဖွဲ့များ၊ သောင်းကျန်းသူများဟု သုံးနှုန်းထားသည်။ သို့သော် ရွေးကောက်ပွဲသည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် ဖန်တီးသည့် လုပ်ရပ်သာဖြစ်ပြီး ပြသာနာကို ဖြေရှင်းနိုင်မည်မဟုတ်ဟု တော်လှန်ရေးအင်အားစုက မှတ်ချက်ပြုကြသည်။ စစ်ကောင်စီ၏ နိုင်ငံရေး စကားဝိုင်းတောင်းဆိုချက်သည် စစ်ပွဲရှုံးနိမ့်နေသည့် ရှေ့တန်းရောက် စစ်သားများအတွက် စိတ်ဓာတ်စစ်ဆင်ရေးနှင့် နိုင်ငံရေးကစားကွက်တစ်ခုအဖြစ်သာ ဖြစ်သည်ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။ တော်လှန်ရေးအင်အားစုသည် အမျိုးသားတန်းတူရေး၊ တရားမျှတရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်နေခြင်းဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များကို လုပ်နေသည့် စစ်တပ်သည် နိုင်ငံရေးဆွေးနွေးပွဲ ခေါ်ယူပိုင်ခွင့်မရှိဟု ကရင်နီအမျိုးသားများ တိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ဆိုသည်။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း စစ်ကောင်စီ၏ ထိုကမ်းလှမ်းချက်သည် ဟန်သာရှိပြီး အဆံမရှိသည့် သင်္ကြန်အမြောက်ဖြစ်နေပြီး တော်လှန်ရေး အင်အားစုဘက်ကလည်း လက်ခံကြမည်မဟုတ်ဟု သုံးသပ်သည်။ တင်ဆက် – မြတ်ကြီး

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles