ရုပ်သံသတင်း

မြောက်ပိုင်းတပ်ဖွဲ့များ အပစ်ရပ်ရန် တရုတ်က ဖိအားပေးနေချိန် စစ်ကောင်စီက ဆက်တိုက်ဗုံးကြဲနေ

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းမှာမဟုတ်သလို တောင်ကြီးနဲ့ မန္တလေးလို့ မြို့ကြီးတွေကိုလည်း တက်သိမ်းမှာမဟုတ်ဘူးလို့ ကိုးကန့်တပ် MNDAA က သူတို့ရဲ့ သဘောထားရပ်တည်ချက် ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီဘက်ကတော့ ကိုးကန့်တပ် သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို အခုရက်ပိုင်းအတွင်း လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဒါဇင်နဲ့ချီတဲ့ စစ်တပ်ထိန်းချုပ်မြို့ကြီးတွေကို သိမ်းပိုက်လိုက်ပြီးတဲ့နောက် ကိုးကန့်၊ တအာင်းနဲ့ ရခိုင်ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ကို တရုတ်အစိုးရက အပစ်ရပ်ဖို့ ဖိအားပေးနေတာလည်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့နယ်မြေတွေကို တရစပ် ဗုံးကြဲနေတဲ့ စစ်ကောင်စီကိုတော့ တရုတ်အစိုးရက လူသိရှင်ကြား ဟန့်တားတာ၊ ဖိအားပေးတာမျိုး မရှိသေးပါဘူး။ သတင်း၊ တင်ဆက် – မြတ်ကြီး

Show More

Related Articles

Back to top button