အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မင်းအောင်လှိုင် အာဏာတည်မြဲရေးအတွက် ကောက်ယူမည့် သန်းခေါင်စာရင်း

နိုင်ငံအနှံ့ စစ်ဖြစ်နေပြီး ရေကြီးရေလျှံမှုတွေကြောင့် အိုးအိမ်တွေပျက်စီး၊ လူဦးရေ သိန်းနဲ့ချီရေဘေးသင့်နေချိန်မှာ စစ်ကောင်စီက ရွေးကောက်ပွဲအတွက် ရည်ရွယ်ပြီး သန်းခေါင်စာရင်းကောက်ယူရေးစီမံချက်ကို ဦးစားပေး ဆောင်ရွက်နေပါတယ်။ အောက်တိုဘာ ၁ရက်နေ့မှာ သန်းခေါင်စာရင်းကောက်မှာ ဖြစ်လို့ ရေဘေးကယ်ဆယ်ရေးစခန်းအသီးသီးကို ရောက်နေသူတွေကို နေရပ်အမြန်ပြန်ပို့ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားထားပါတယ်။ ပြည်သူတွေ အတိဒုက္ခရောက်နေချိန်မှာ သန်းခေါင်းစာရင်းကောက်ယူဖို့ အသည်းအသန်လုပ်နေတဲ့ စစ်ကောင်စီမင်းအောင်လှိုင်ရဲ့ လုပ်ရပ်ဟာ အရင်အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ လုပ်ရပ်နဲ့လည်း သွားတူနေပါတယ်။ လွန်ခဲ့တဲ့ ၁၆နှစ်ကျော်က လူသိန်းနဲ့ချီပြီး သေဆုံးခဲ့ရတဲ့ နာဂစ်ဆိုင်ကလုန်မုန်တိုင်း တိုက်ခတ်ပြီး ၈ရက်အကြာမှာ စစ်တပ်စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုတစ်ရပ်လုံးက မဲပေးထောက်ခံပါတယ်ဆိုပြီး လိမ်ညာ အတည်ပြုခဲ့တာပါ။ အခုလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ ဟန်ပြရွေးကောက်ပွဲကနေ တစ်ဆင့် နိုင်ငံရေးထွက်ပေါက်ရှာဖို့လုပ်နေတာလို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။ သတင်း၊ တင်ဆက် – အောင်ဇေ၊ မြတ်ကြီး

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button