အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

“အရပ်သားတွေကို ပစ်မှတ်ထားတဲ့လုပ်ရပ်တွေ ပိုများလာတယ်”

စစ်အာဏာသိမ်း ၃နှစ်ခွဲကျော်အတွင်း စစ်ကောင်စီက စစ်ဘက်၊ အရပ်ဘက်ပစ်မှတ်မခွဲခြားဘဲ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် အရပ်သားများထိခိုက်သေဆုံးလျက်ရှိရာ စစ်၏ဒဏ်ကို အမျိုးသမီး၊ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများလည်း ထိခိုက်ခံစားနေရသည်။ ထို့အပြင် နိုင်ငံအနှံစစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီသည် စစ်ကြောင်းထိုးစဉ် အမျိုးသမီးများကို ပစ်မှတ်ထားကာ အဓမ္မပြုကျင့်ရန်လှုံ့ဆော်မှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်းမှုများရှိနေသည်။ ထို့အတူ စစ်ကောင်စီကိုဆန့်ကျင်သူများထဲတွင်လည်း အလားတူကျူးလွန်သူများရှိနေကြသည်။ တော်လှန်စစ်ကာလအတွင်း ပေါ်ပေါက်လာသော ထိခိုက်လွယ်အုပ်စုများအပေါ် ကျူးလွန်သည့် အဓမ္မမှုများ၊ လက်ရှိ နွေဦးတော်လှန်ရေးအခြေအနေ၊ တော်လှန်ရေးတွင် အမျိုးသမီးများပါဝင်မှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ အသက် ၃၀ အရွယ် ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ကို ဆက်သွယ်မေးမြန်းထားပါသည်။ မေးမြန်း – အောင်နိုင်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button