အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မင်းအောင်လှိုင်ရဲ့ ပြည်သူ့လုံခြုံရေးစနစ် ဘာလဲ၊ ဘယ်လဲ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာရမ္မက်တွင် လောင်မြိုက်နေပြီဖြစ်ပြီး၊ ထိုရမ္မက် အားပြင်းပြင်း လောင်ကျွမ်းစေရန် လောင်စာများကိုသာ ထပ်ခါတလဲလဲ ရှာဖွေနေပြီ ဖြစ်သည်။ “ပြည်သူ့လုံခြုံရေးစနစ်” သည် ၎င်း၏အာဏာရမ္မက်ကို အစွမ်းကုန်လောင်မြိုက်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ပြည်သူ့လုံခြုံရေးစနစ်ဆိုသည်မှာ လွတ်လပ်ရေးရချိန်ကတည်းက ပေါ်ပေါက်ခဲ့သော ပြည်တွင်းစစ်တစ်လျှောက်လုံး စစ်တပ်ကျင့်သုံးခဲ့သော “သောင်းကျန်းသူနှိမ်နင်းရေး ပြည်သူ့စစ်မဟာဗျူဟာ” ဆိုသည့် အတွေးအခေါ်နှင့် နည်းလမ်းများမှ ဆင်းသက်လာခြင်းလည်း ဖြစ်သည်။ နိုင်ငံအနှံ့ မြို့ရွာများအားလုံးတွင် ပြည်သူအချင်းချင်း ပိုမိုသွေးချောင်းစီး သတ်ဖြတ်ရမည့် မင်းအောင်လှိုင်၏ ထိုအစီအမံကို ပြည်သူများက နည်းလမ်းပေါင်းစုံဖြင့် ဟန့်တားရိုက်ချိုးပစ်ရန် အရေးကြီးသော အချိန်ရောက်လာပြီ ဖြစ်သည်။ သတင်းသုံးသပ်ချက် – သုတဇော် တင်ဆက် – မြတ်ကြီး

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button