အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

“စစ်ကောင်စီက သင်္ကြန်အမြောက် ဖြစ်နေပြီ၊ ဟန်ပဲရှိတော့တာ” – MDY_PDF တာဝန်ရှိသူ ကိုမုန်တိုင်းနှင့် ဆက်သွယ်မေးမြန်းချက်

လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာချုပ် ကျသွားတာကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးတွေနဲ့အနီးဆုံးဖြစ်တဲ့ ပြင်ဦးလွင်၊ မန္တလေး၊ မိတ္ထီလာနဲ့ နေပြည်တော်လိုနေရာက စစ်တပ်စခန်းတွေ စတင်ခြိမ်းခြောက်ခံရပြီဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာပါတယ်။

တော်လှန်ရေးတပ်တွေဟာ မန္တလေးတိုင်းထဲက မိုးကုတ်မြို့နဲ့ စဉ့်ကူးမြို့ကို သိမ်းပိုက်ထားပြီး မတ္တရာမြို့နယ်ထဲမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

လက်ရှိမှာလည်း စစ်တက္ကသိုလ်တွေတည်ရှိရာ မေမြို့ ခေါ် ပြင်ဦးလွင်မှာ စစ်ဖြစ်လာနိုင်တဲ့ အရိပ်အယောင်တွေကြောင့် စစ်တပ်မိသားစုတွေ အပါအဝင် လူအများအပြားဟာ ပြင်ဦးလွင်မြို့ကနေ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

မန္တလေးတိုင်းအတွင်းက လက်ရှိတိုက်ပွဲအခြေအနေတွေ အပါအဝင် မန္တလေးတိုင်းထဲမှာ စစ်ကစားနိုင်ဖို့၊ စစ်ရေးအရ ထိုးဖောက်နိုင်ဖို့ အပြောင်းအလဲတွေ ပိုပြီး ဖြစ်ပေါ်လာပြီလားဆိုတာကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ရဲ့ စစ်ဆင်ရေးနဲ့စုဖွဲ့မှု တာဝန်ခံ ကိုမုန်တိုင်း ကို ဆက်သွယ်မေးမြန်းထားပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button