အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မင်းအောင်လှိုင်က တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဆက်လုပ်ခိုင်း

တပ်ထောက်ခံသူတွေနဲ့ အမျိုးသားရေးအစွန်းရောက်ဝါဒီတွေဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ရဲ့စီစဉ်မှုနဲ့ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို နေပြည်တော်နဲ့ ရန်ကုန်မြို့လယ်ကောင်မှာ ဩဂုတ်လ ၆ ရက်နေ့က တစ်ပြိုင်တည်း လုပ်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက ‘တရုတ်’ ဆိုတဲ့ စကားလုံးကို ပေါ်ပေါ်ထင်ထင်သုံးစွဲပြီး အော်ဟစ်ကြွေးကြော်ခဲ့ကြပါတယ်။ ရှမ်းမြောက် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် တပ်စခန်းအများအပြားကို ကိုးကန့်တိုင်းရင်းသားတပ် MNDDA လက်ထဲ မကြာခင်ရက်ပိုင်းက ဆုံးရှုံးခဲ့ရတဲ့ အခြေအနေဟာ တရုတ်နိုင်ငံရဲ့ ပယောဂမကင်းကြောင်း သြဂုတ်လ ၅ ရက်နေ့က စစ်ခေါင်းဆောင် မိန့်ခွန်းထွက်ပြောပြီးတဲ့ နောက်တစ်ရက်မှာ ဆန္ဒပြပွဲတွေကို အချိန်ကိုက် ကျင်းပခဲ့တာပါ။ သတင်း၊ တင်ဆက် – မြတ်ကြီး

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button