အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မင်းအောင်လှိုင်နဲ့ စစ်ကောင်စီပြုတ်ကျဖို့ နေ့ရက်တွေ ရေတွက်လို့ရပြီ

စစ်အင်္ဂါစဉ်အရ နံပါတ် ၃ အဆင့်ရှိတဲ့ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကျတာဟာ နေပြည်တော်က စစ်ဗိုလ်ချုပ်တွေအတွက် ထိတ်လန့်စရာ ခြိမ်းခြောက်ခံရမှုကြီးတစ်ခု ဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀ကျော် တည်ဆောက်ထားတဲ့ စစ်တပ်အတွက် အခုလိုမျိုး အကြီးမားဆုံး ဆုံးရှုံးမှုကို ကြည့်ခြင်းအားဖြင့် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီပြုတ်ကျဖို့ နေ့ရက်တွေ ရေတွက်လို့ရပြီဆိုတဲ့ သုံးသပ်ချက်တွေလည်း ထွက်ပေါ်လာပါတယ်။ တိုင်းစစ်ဌာနချုပ်ကြီးတစ်ခု တစ်လအတွင်းကျရှုံးရတဲ့ အဓိကအကြောင်းရင်းတွေ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးပစ်မှတ်တွေ ဆက်လက်ပြီးတော့ ဘယ်ကိုဦးတည်မလဲဆိုတာတွေနဲ့ ပတ်သက်ပြီး စစ်တပ်ထဲမှာ နှစ်ပေါင်း ၂၀ တာဝန်ထမ်းဆောင်ခဲ့သူ၊ လက်ရှိမှာလည်း စစ်ရေးသုံးသပ်ချက်တွေ ရေးသားနေတဲ့ CDM တပ်အရာရှိ ဗိုလ်ကြီးဇင်ယော် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button