အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ဘက်ရဟတ်ယာဉ် မှော်ဘီတွင် ပျက်ကျ

လေကြောင်းတိုက်ခိုက်မှုများကို အဓိကတာဝန်ယူရသည့် တောင်ပိုင်းတိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ် စိုးတင်လတ် သေဆုံးဟု ရဲကြေးနန်းကဆို

ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်း မှော်ဘီမြို့နယ်အတွင်း စစ်ဘက်ဆိုင်ရာရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ စစ်ကောင်စီလေတပ်၏ လေကြောင်းတိုက်ခိုက်မှုများကို အဓိကတာဝန်ယူရသည့် တောင်ပိုင်းတိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ် စိုးတင်လတ် သေဆုံးသွားသည်ဟု ရဲကြေးနန်းများနှင့် စစ်ဘက်သတင်းအရင်းအမြစ်များထံမှ သိရသည်။

ဗိုလ်ချုပ် စိုးတင်လတ်သည် စစ်ကောင်စီလေတပ်၏ အားထားရသည့် ထိပ်ပိုင်းအရာရှိတစ်ဦးဖြစ်ပြီး စစ်တပ်၏ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားများ၊ ရခိုင်ပြည်နယ်လေကြောင်းတိုက်ခိုက်မှုများကို ဦးဆောင်ခဲ့သူဖြစ်သည်။

ယူရိုကော့ပတာအမျိုးအစားရဟတ်ယာဉ်သည် မှော်ဘီလေတပ်၌ လေ့ကျင့်ရေးကွင်းမှ ပျံတက်စဉ် ပျက်ကျသွားခြင်းဖြစ်ပြီး ဗိုလ်ချုပ် စိုးတင်လတ်နှင့်အတူ တွဲဖက်လေယာဉ်မှူး ဗိုလ်မှူးကြီးမြသောင်းလည်း သေဆုံးသွားသည်ဟု Myanmar Now က ဖတ်ခွင့်ရသည့် ရဲကြေးနန်းမှ သိရသည်။

ရဟတ်ယာဉ်ပေါ် ပါသွားသည့် အခြားလေတပ်စစ်သားနှစ်ဦးလည်း ဒဏ်ရာရခဲ့သည်ဟု ထိုကြေးနန်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်တပ်၏ငွေကြေးထောက်ပံ့မှုဖြင့် ရပ်တည်နေသည့် တယ်လီဂရမ်သတင်းဌာနများကလည်း ရဟတ်ယာဉ်ပျက်ကျသည့် သတင်းကို အတည်ပြုပြီး “ဗိုလ်ချုပ်တစ်ဦးသေဆုံး” ဟု ရေးသားကြသည်။

စစ်ကောင်စီဘက်ကတော့ ထိုသတင်းကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါ။

စစ်တက္ကသိုလ် အပတ်စဉ် ၃၂ ဆင်း ဗိုလ်ချုပ် စိုးတင်လတ်သည် တောင်ပိုင်းတိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး မဖြစ်မီ မကွေးလေတပ်စခန်းဌာနချုပ်တွင် ဌာနချုပ်မှူးတာဝန်ယူခဲ့သည်။

ဗိုလ်ချုပ် စိုးတင်လတ် ဦးစီးသည့် မကွေးလေတပ်စခန်းသည် တိုက်လေယာဉ်အများအပြားအခြေစိုက်ပြီး ရခိုင်ပြည်နယ်ကို ဗုံးကြဲတိုက်ခိုက်သည့် အဓိကစစ်စခန်းဖြစ်ကြောင်း အာဏာဖီဆန် CDM လေတပ် တပ်ကြပ်ကြီး နေဝင်းအောင်က ယခုနှစ် ဖေဖော်ဝါရီလတွင် CDM စစ်သားများဦးဆောင်သည့် Breaking Brainwashed ယူကျူ့ချန်နယ်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေဖြစ်သော သင်္ကန်းညီနောင်ရှိ စစ်ကောင်စီတပ် ခမရ ၃၅၆ စခန်းထဲမှ ယူရိုကော့ပတာရဟတ်ယာဉ်တစ်စင်းကို ကော်ဘရာစစ်ကြောင်းက ပစ်ချခဲ့ရာ စစ်ကောင်စီ၏ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင်နှင့် စစ်တပ်အရာရှိတချို့ သေဆုံးသွားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles