အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

လားရှိုးမြို့ တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်ဖွဲ့များ ဝင်ရောက်စီးနင်းနေပြီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရမခဌာနချုပ်ကို ကိုးကန့်တပ် MNDAA နဲ့ မဟာမိတ်တွေက ဒီကနေ့ ဩဂုတ်လ ၁ ရက်နေ့ မနက်ပိုင်းကစတင်ပြီး၊ အပြင်းအထန် ထိုးစစ်ဆင်နေပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ မြိုခံတွေဆီကနေ သိရပါတယ်။ လားရှိုးလေဆိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဇူလိုင်လ ၃၀ ရက်နေ့မှာ ကိုးကန့်တပ်က စီးနင်းတိုက်ခိုက်ပြီးတဲ့နောက်မှာ လေဆိပ်နဲ့ ခြံဝင်းပဲ ခြားတဲ့ တိုင်းစစ်ဌာနချုပ် ဧည့်ရိပ်သာအတွင်းထဲအထိ စစ်တပ်က လက်လွှတ်လိုက်ရပြီလို့ ကိုးကန့်တပ်နဲ့ နီးစပ်သူ မြို့ခံတစ်ဦးက ပြောပါတယ်။ ဧကပေါင်း ၂၀ လောက် အကျယ်အဝန်းရှိတဲ့ ရမခ တိုင်းစစ်ဌာနချုပ်ထဲက အချက်အချာကျတဲ့ ဗဟိုကင်းကို ကိုးကန့်တပ်တွေက ဒီမနက်ပိုင်းမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်နေပြီလို့လည်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး CDM တပ်အရာရှိ ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button