အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မိုးကုတ်မြို့ထဲ ဝင်လာသည့် တော်လှန်ရေးတပ်ဖွဲ့များကို မြို့ခံများ သောင်းသောင်းဖြဖြ ကြိုဆို

ပတ္တမြားမြေဟု အမည်ကျော်သည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကို မြို့ခံလူထုက သောင်းသောင်းဖြဖြ ကြိုဆိုနေကြသည်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၏ ယနေ့ (ဇူလိုင် ၂၄) ထုတ်ပြန်ချက်တွင် မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ယနေ့ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြသည်။ TNLA ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်များက ဇွန်လ ၂၅ ရက်နေ့တွင် မိုးကုတ်မြို့သိမ်းစစ်ဆင်ရေး စတင်ပြီးနောက် ၁ လအကြာတွင် မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ရရှိသွားခြင်းဖြစ်သည်။ မြို့အတွင်း ဝင်ရောက်လာသော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များကို ဒေသခံလူထုက သပြေပန်းများဖြင့် ကြိုဆိုနေကြသည်ကို ယခုရုပ်သံထဲတွင် တွေ့ရသည်။ တည်းဖြတ် – စထွန်းအောင်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button