အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

သမ္မတရူး မင်းအောင်လှိုင်ရဲ့ နိဂုံး ဘယ်လိုဖြစ်လာမလဲ

‘မလုပ်ရဲတာ ဘာမှမရှိဘူး’ ဆိုပြီး တိုင်းပြည်အာဏာကို အဓမ္မသိမ်းယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့အသက် ၆၈ နှစ်ပြည့်ပြီးချိန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို မစွန့်တဲ့အပြင် နိုင်ငံရဲ့အမြင့်ဆုံး သမ္မတရာထူးကိုပါ သူ့ကိုယ်သူ အပ်နှင်းလိုက်ပါတယ်။ ကိုယ့်ဟာကိုယ် သမ္မတရာထူးအပ်နှင်းလိုက်တဲ့ မင်းအောင်လှိုင်ဟာ နိုင်ငံရေးအရ ညှိနှိုင်းမှုတွေ ဘာတစ်ခုမှ လုပ်မှာမဟုတ်ဘဲ နောက်ဆုံးထွက်သက်ထိ မိုက်ချင်တိုင်းမိုက်တော့မယ်လို့ တိုင်းပြည်ကို ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။ အသက်နှစ်ဆယ်ဝန်းကျင်အရွယ် ၁၉၇၄ မှာ စစ်ထဲ ဝင်ခဲ့တဲ့ မင်းအောင်လှိုင်ဟာ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ကို အားကျခဲ့သလို နိုင်ငံရဲ့အမြင့်ဆုံး သမ္မတရာထူးကိုလည်း စိတ်ကူးယဉ်ခဲ့သူပါ။ အာဏာရှင်ဟောင်း ဦးသန်းရွှေကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့အတူ သူ့ရဲ့အာဏာကို အန္တရာယ်ကင်းကင်းနဲ့ စွန့်လွတ်နိုင်ခဲ့ပေမယ့်လို့ မျက်မှောက်မြန်မာ့သမိုင်းမှာ အရက်စက်ဆုံးနဲ့ ဉာဏ်ပညာအမဲ့ဆုံး အာဏာရှင် မင်းအောင်လှိုင်ကတော့ ဦးသန်းရွှေလို အခွင့်အရေးမျိုး ရနိုင်ဖွယ်ရာအကြောင်း မရှိပါဘူး။ သတင်း၊ တင်ဆက် – စထွန်းအောင်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button