အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

လားရှိုးမြို့မှာ ဘာတွေဖြစ်နေသလဲ – မြို့ကို စွန့်ခွာလာသူ ပြောပြချက်

ပြင်းထန်နေတဲ့ တိုက်ပွဲတွေအပြင် လူနေရပ်ကွက်တွေထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ များလာတာကြောင့် ထောင်နဲ့ချီတဲ့ လားရှိုးမြို့ခံတွေဟာ မြို့ကို စွန့်ခွာသွားကြပါပြီ။ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော်လို့ ခေါ်ကြတဲ့ လားရှိုးမြို့နယ်အတွင်း လူဦးရေ ၃ သိန်း ၃ သောင်းနီးပါး နေထိုင်တယ်လို့ ၂၀၁၄ သန်းခေါင်စာရင်းအရသိရပြီး အဲ့ဒီလူဦးရေရဲ့ ထက်ဝက်ကျော်ဟာ မြို့ ပေါ်ရပ်ကွက်တွေမှာ နေထိုင်ကြတာပါ။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့ကို တိုက်ခိုက်၊ သိမ်းပိုက်ဖို့အတွက် မြို့ပတ်ပတ်လည်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကိုးကန့်တပ် MNDAA ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေက ဒီလဆန်းမှာ စတင်တိုက်ခိုက်နေတာပါ။ မြို့ကို လက်မလွှတ်ရရေးအတွက် စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ အသည်းအသန်ခုခံနေတာကြောင့် လားရှိုးမြို့မှာ အရပ်သားသေဆုံးမှု ဒါဇင်နဲ့ချီ ရှိပြီး၊ သေဆုံးမှုတွေ တိုးလာနေပါတယ်။ ဒီလိုအခြေအနေမှာ ဒေသခံအများစုဟာ မြို့ကို စွန့်ခွာသွားကြပါပြီ။ တိုက်ပွဲတွေကြောင့် လားရှိုးမြို့မှာ စက်သုံးဆီဈေးနဲ့ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေသလို၊ ကျန်းမာရေးအတွက် အခြေခံဆေးဝါးတွေလည်း ရှားပါးလာတယ်လို့ သိရပါတယ်။ လားရှိုးမြို့မှာ ဘာတွေဖြစ်နေပါသလဲ၊ ဒေသခံတွေ ဘယ်လို တွေ့ကြုံနေကြရသလဲ၊ စစ်ဘေးရှောင်ရတဲ့ လမ်းခရီးမှာ ဘာအခက်အခဲတွေ ရှိနေသလဲဆိုတာ မြို့ကို စွန့်ခွာလာသူတစ်ဦးက Myanmar Now ကို ပြောပြထားပါတယ်။ မေးမြန်း – မြတ်ကြီး

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button