အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် နောင်ချိုမြို့ကို ပထမဆုံး သိမ်းပိုက်နိုင်ပြီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တောင်ဘက်ရှိ စစ်ကောင်စီ၏ ဒုံးတပ်ရင်း (ဒတရ) ကို ယနေ့ (ဇူလိုင် ၁၀) နံနက်အစောတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မြို့တစ်ခုလုံးကို တအာင်းတပ် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့က ထိန်းချုပ်လိုက်ပြီဟု သိရသည်။ မြို့တောင်ဘက် ၂ မိုင်အကွာရှိ စစ်ကောင်စီ၏ အမှတ် (၆၀၆) ဒုံးတပ်ရင်းဌာနချုပ်ကို ယနေ့ နံနက် ၃ နာရီခန့်တွင် TNLA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်သည်။ ၆၀၆ ဒုံးတပ်ရင်း ကျသွားခြင်းသည် TNLA နှင့်အတူ ပါဝင်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) တို့က နောင်ချိုမြို့ကို အပြည့်အ၀ သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်ပြီဟု ဆိုနိုင်သည်။ သတင်း၊ တင်ဆက် – မြတ်ပန်း၊ ဟန်သစ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles