အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

လွိုင်ကော်မြို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေ နောက်ဆုတ်ပေးလိုက်ရပြီ


0:01 / 5:56

လွိုင်ကော်မြို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေ နောက်ဆုတ်ပေးလိုက်ရပြီ

ပြည်နယ်မြို့တော် လွိုင်ကော်ကို ဇွန်လကုန်ပိုင်းကစတင်ပြီး စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်လိုက်တာကြောင့် ကရင်နီတော်လှန်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ မြို့ကို ဆုတ်ခွာပေးလိုက်ရပြီလို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။ လွိုင်ကော်မြို့ရဲ့ ထက်ဝက်ကျော်ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက ၇ လလောက် ထိန်းချုပ်နိုင်ခဲ့ပေမဲ့ အခုနှစ် ဇွန်လအတွင်းမှာ အင်အားရာနဲ့ချီတဲ့ စစ်ကောင်စီထိုးစစ်ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ မြို့ကို ဆုတ်ခွာလိုက်ရတာ ဖြစ်ပါတယ်။ လွိုင်ကော်မြို့ကို ဒေသခံတွေ ပြန်လည်နေထိုင်ကြဖို့နဲ့ ရေ၊ မီးအပါအဝင် ပြန်လည်ထူထောင်ရေးတွေ စတင်လုပ်ဆောင်နေပြီလို့လည်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေကတစ်ဆင့် ဝါဒဖြန့်နေပါတယ်။ မြို့ကို စွန့်ခွာခဲ့ကြတဲ့ ဒေသခံအများစုကတော့ တိုက်ပွဲတွေပြန်ဖြစ်မှာ စိုးရိမ်တာကြောင့် ပြန်လည်အခြေချနေထိုင်တာမျိုးထက်၊ ခဏပြန်လာ၊ အိမ်သန့်ရှင်းရေးလုပ်ပြီး မြို့ကနေ ပြန်ထွက်ကြတာများတယ်လို့ စစ်ရှောင်အရေးကူညီနေတဲ့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။ သတင်း၊ တင်ဆက် – မြတ်ကြီး

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button