အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ရှမ်းမြောက်တွင် စစ်ကောင်စီလက်ကျန်စခန်းများကို တစ်ကျော့ပြန်ထိုးစစ် စပြီ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နောင်ချိုနှင့် မန္တလေးတိုင်းအတွင်းမှ မိုးကုတ်၊ မတ္တရာတို့မှ စစ်ကောင်စီတပ်စခန်းများကို ယနေ့နံနက်မှ စတင်တိုက်ခိုက်နေသည့် တအာင်းတပ် TNLA ၏ထိုးစစ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) တပ်ဖွဲ့ဝင်များလည်း ပါဝင်တိုက်ခိုက်နေသည်။ ကျောက်မဲနှင့် နောင်ချိုမြို့ပေါ်တွင် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး၊ ထိုမြို့များရှိ ရဲစခန်းနှင့် ဌာနဆိုင်ရာများကို သိမ်းပိုက်ထားနိုင်ပြီဟု သိရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့တွင် မြောက်ပိုင်းညီနောင် ၃ ဖွဲ့က စစ်ကောင်စီ၏ တပ်စခန်းကြီးငယ်တို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည်။ မြို့များ၊ စစ်စခန်းအများအပြားကို လအနည်းငယ်တွင်း ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် တရုတ်က ကြားဝင်စေ့စပ်ခဲ့သည့်အတွက် ဟိုင်ဂင်သဘောတူညီမှု ရရှိကာ စစ်ကောင်စီနှင့် ညီနောင် ၃ ဖွဲ့တို့အကြား ရှမ်းမြောက်ဒေသတွင် ယာယီအပစ်အခတ်ရပ်စဲထားကြခြင်းဖြစ်သည်။ TNLA က စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီမှုကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယနေ့တွင် တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်ပွားလာခြင်းဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button