စစ်အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်းမှာ ပဋိပက္ခနဲ့ စီးပွားရေးဆိုင်ရာ မတည်ငြိမ်မှုတွေကြောင့် နိုင်ငံလူဦးရေရဲ့ ၃၂ ရာခိုင်နှုန်းကျော်ရှိတဲ့ ပြည်သူ ၁၇ သန်းကျော်ဟာ ဆင်းရဲတွင်းထဲ ရောက်သွားပြီလို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်ပါတယ်။ ပြည်သူတွေ ဆင်းရဲတွင်းနက်လာတဲ့ အခြေအနေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စတင်တာဝန်မယူခင် ၂၀၁၅ ခုနှစ် မတိုင်ခင်အနေအထားကို ပြန်ရောက်သွားပြီး ကိုဗစ်ကပ်ဘေးကာလမတိုင်ခင်ကထက် ဆင်းရဲနွမ်းပါးသူ ၇ သန်းကျော် တိုးလာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ငွေကြေးဖောင်းပွမှုနှုန်းနဲ့ အလုပ်လက်မဲ့နှုန်း မြင့်တက်မှုကြောင့် နိုင်ငံအနှံ့မှာ ဆင်းရဲနွမ်းပါးမှု ဆက်လက်မြင့်တက်လာနိုင်တယ်လို့လည်း ဇွန်လ ၁၂ရက်နေ့က ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ နေရပ်စွန့်ခွာမှု၊ ဝင်ငွေကျဆင်းမှု၊ အလုပ်အကိုင်ဆုံးရှုံးမှု စတဲ့ လက်ရှိအခြေအနေတွေကြောင့် ဆယ်စုနှစ်တစ်ခုကြာ ကြိုးပမ်းမှုရလဒ်တွေဟာ သဲထဲရေသွန်ဖြစ်သွားပြီလို့လည်း ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို သုံးနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူးက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ နေရာအများအပြားမှာ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေပြီးတော့ နေရပ်စွန့်ခွာထွက်ပြေးနေရသူ လူဦးရေသန်းနဲ့ချီ ရှိတာကြောင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ ထိခိုက်နေတယ်လို့လည်း ကမ္ဘာ့ဘဏ်က ပြောထားပါတယ်။ သတင်း – အောင်နိုင်
Read Next
June 13, 2024
မြန်မာ ၁၇ သန်းခွဲ ဆင်းရဲတွင်းထဲ ရောက်သွားပြီဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်
June 29, 2023
ကမ္ဘာ့ဘဏ်အစီရင်ခံစာနှင့် မြန်မာပြည်သူများ၏ ဒုက္ခဆင်းရဲ
June 27, 2023
မူဝါဒအလွဲများက မြန်မာ့စီးပွားရေးကို ရာသက်ပန် ထိခိုက်စေမည်ဟု ကမ္ဘာ့ဘဏ်ပြော
July 21, 2022
ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်အသစ်အရ မြန်မာ့လူဦးရေ သန်း ၂၀ နီးပါး ဆင်းရဲသွား
June 10, 2022