အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လိမ်လည်မှုစွဲချက်အတွက် ဒေါ်နန္ဒမာလာကို အာမခံပေး၊ အခြားအမှုများစစ်ဆေးရန် CID ဆက်လက်ထိန်းသိမ်းထား

မန္တလေးငွေကြေးအရှုပ်အရှင်းများတွင် ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲခံထားရသည့် ယောဂီဝတ် ဒေါ်နန္ဒမာလာအား ၂၀၁၃ က တိုင်ကြားထားသည့် လိမ်လည်မှုအတွက် မန္တလေးမြို့ မဟာအောင်မြေတရားရုံးက သိန်း ၃၀၀ ဖြင့် အာမခံပေးလိုက်သော်လည်း အခြားအမှုများ ဆက်ကလက်စစ်ဆေးရန် CID ကဆက်လက်ထိန်းသိမ်းထားသည်။

သိန်းပေါင်းများစွာလိမ်ခဲ့ကြောင်း စွပ်စွဲချက်များ၊ ယောဂီဝတ်ဖြင့်သေနတ်ကိုင်ထားသည့် ဓာတ်ပုံများကြောင့် ဝေဖန်မှုများ ပြင်းပြင်းထန်ထန်ခံခဲ့ရပြီးနောက် ဒေါ်နန္ဒမာလာသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ နှောင်းပိုင်းကတည်းက လူမြင်ကွင်းမှ ပျောက်ကွယ်နေခြင်းဖြစ်သည်။

ရဲကသူ့အား သူစီးလာသည့်ကားကို ရန်ကုန်မန္တလေး အမြန်လမ်းတွင် ဇန်နဝါရီ ရက် ညနေပိုင်းက တားဆီးခဲ့ပြီးနောက် ယနေ့ (ဇန်နဝါရီ ) တွင် တရားရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

တရားစွဲတာမဟုတ်ဘူး။ တရားရုံးပြေးတဲ့တရားခံမို့လို့တရားရုံးကိုအပ်ပေးတာဟု တာဝန်ကျရဲအရာရှိကပြောသည်။ အမြင့်ဆုံး ထောင်ဒဏ် နှစ် အထိကျခံရနိုင်သည့် ရာဇသတ်ကြီးပုဒ်မ ၄၂၀ လိမ်လည်မှုဖြင့် တရားရင်ဆိုင်ရမည

တရားရုံးအထွက်တွင် ဒေါ်နန္ဒမာလာက သူ့တွင်အပြစ်မရှိကြောင်း၊ နိုင်ငံရေးနှင့် ဆက်နွှယ်ပြီး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အော်ဟစ်ပြောကြားခဲ့သည်။

တရားသူကြီးက ကြိုက်တဲ့ဝတ်စုံနဲ့ပဲ တရားရင်ဆိုင်ပါလို့ ပြောတဲ့အတွက် ယောဂီဝတ်နဲ့ပဲ ရင်ဆိုင်ပါမယ်။ မယ်တော်ကြီးကို မတရားသဖြင့် ဖမ်းဆီးပြီး လူဝတ်လဲတယ်ဟု ၎င်းက ပြောသည်။

ယောဂီဝတ်ဒေါ်နန္ဒမာလာသည် ဂန့်ဂေါမြို့နယ် နမ်းခါးကျေးရွာဇာတိ လူနာမည်မှာ ဒေါ်စောမြင့်ကြည်ဖြစ်ပြီး ရန်ကုန် မင်္ဂလာဒုံမြို့နယ်၊ ခရေပင် ရိပ်မွန်အိမ်ရာ()တွင် ဗေဒင်ဟောခန်းဖွင့်လှစ်ထားပြီး အကြား၊ အမြင်နှင့် ဗေဒင်ယတြာများဖြင့် နာမည်ကျော်ကြားသူဖြစ်သည်။

၎င်းလိမ်လည်ထားသည်ဟု စွပ်စွဲထားသည့် ငွေကြေးပမာဏစုစုပေါင်းမှာ ကျပ်သိန်းသောင်းချီသည်ဟု ကြားသိရသော်လည်း ထိုအချက်ကို သီးခြားအတည်မပြုနိုင်သေးပါ။ လှိုင်မြို့နယ်တွင် ၎င်းကို အမှုဖွင့်ထားသည့် ခရီးသွားလုပ်ငန်းရှင် တစ်ဦးကမူ ၎င်းသည် ဒေါ်နန္ဒမာလာထံမှ ကျပ်သိန်း ၂၀၀၀ ရလိုမှုဖြင့် စွဲဆိုထားသည်။

ဒေါ်နန္ဒမာလာ၏နောက်လိုက်တပည့်သာဝကများကို အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ အကြိမ်ပေါင်းများစွာ ပေးပို့ခဲ့ရသည့် ဝန်ဆောင်မှုအတွက် ကျသင့်သည့် အခကြေးငွေ အကြွေး ကျပ်သိန်း ၂၀၀၀ ခန့်ကို ဒေါ်နန္ဒမာလာက မပေးချေသောကြောင့် ၎င်းအား တရားစွဲဆိုထားခြင်းဖြစ်ကြောင်း ရွှေကိန္နရီ ဘုရားဖူး ခရီးသွား ကုမ္ပဏီပိုင်ရှင် ဦးနေမျိုးနိုင်က ဒီဇင်ဘာလအတွင်းက Myanmar Now ကိုပြောသည်။

ငွေကြေးသိန်းပေါင်းများစွာ လိမ်လည်သည်ဟု ဆိုကာ အမှုဖွင့်ခံထားရကာ ဝရမ်းပြေးကြေညာခံထားရသည့် ဗေဒင်အကြားအမြင်ဆရာမ ဒေါ်နန္ဒမာလာက ၎င်း၏စွပ်စွဲချက်များကို ငြင်းဆိုလိုက်ပြီး မကြာမီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်ကြောင်း Myanmar Now ကို ဒီဇင်ဘာအစောပိုင်းတွင် ဖုန်းဖြင့်ပြောသည်။

ထိုစဉ်က ရှမ်းပြည်နယ်မြောက်ပိုင်း ရွှေလီမြို့ အနီးရှိ ရှမ်းရွာတွင် နန်းဦးစေတီတော် ပြန်လည်ပြုပြင်ရန် ရောက်ရှိနေကြောင်း၊ လာမည့် ဒီဇင်ဘာလ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်၌ ၎င်း၏ကိုယ်စားလှယ်မှတစ်ဆင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ၎င်းနှင့် ပတ်သက်သည့် သတင်းများကို ဖြေရှင်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မဟုတ်ပါဘူး။ ခုထွက်ပေါ်နေတဲ့သတင်းတွေကတော့ မဟုတ်ပါဘူးဟု ၎င်းက ပြောသည်။

ဒေါ်နန္ဒမာလာကို အမှုဖွင့်ထားသူ နောက်ထပ်တစ်ဦးမှာ စမ်းချောင်းမြို့နယ်နေ မသန္တာဦးဖြစ်ပြီး ဒေါ်နန္ဒမာလာကို ပြီးခဲ့သည့်မေလက ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် မင်္ဂလာဒုံမြို့နယ် ရဲစခန်း၌ အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ရဲဇာနည်ဖေ့ဘွတ်ခ်စာမျက်နှာတွင် မေလ ၃၀ ရက်စွဲဖြင့် ဖော်ပြထားသည့် သတင်းအရ မသန္တာဦးသည် ဒေါ်နန္ဒမာလာထံမှ ကျပ်သိန်း ၂၅၀၀ ရလိုမှုဖြင့် အမှုဖွင့်ခဲ့သည်ဟု ပြောသည်။ အမှုဖွင့်ထားသူ စုစုပေါင်း သုံးဦးရှိသည်ဟု သိထားကြောင်း ၎င်းက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button