အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မြေရှားသတ္တုတွင်း ပြိုကျမှုကြောင့် တရုတ်နှစ်ဦး အပါအဝင် လေးဦးသေဆုံးပြီး ၂၀ ကျော် ပျောက်ဆုံးနေ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပန်ဝါမြို့အနီးမှ မြေရှားသတ္တုတွင်းတစ်ခု ပြီးခဲ့သည့်အင်္ဂါနေ့ (ဇွန် ၄) က ပြိုကျခဲ့ရာ တရုတ်နိုင်ငံသား နှစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့ပြီး ၂၀ ကျော် ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။ ပန်ဝါမြို့ မြောက်ဘက် ၅ မိုင်အကွာ၊ တရုတ်-မြန်မာ နယ်ခြားမှတ်တိုင် ၃ အနီးရှိ တောင်တန်းပေါ်တွင် သတ္တုတူးနေစဉ် တောင်တစ်ခြမ်းလုံးနီးပါး ပြိုကျသွားပြီးနောက် အလုပ်သမားများနှင့် တောင်ခြေမှ စျေးဆိုင်ခန်းတချို့ မြေအောက်သို့ ရောက်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ မြေပြိုကျသည့် လုပ်ငန်းခွင်မှာ စစ်တပ် လက်အောက်ခံ ပန်ဝါပြည်သူ့စစ်အဖွဲ့နှင့် ရန်ကုန်တိုင်း တာမွေမြို့နယ် အခြေစိုက် Myanmar Myo Ko Ko သတ္တုတူးဖော်ရေးကုမ္ပဏီတို့ အကျိုးတူလုပ်နေသည့် လုပ်ကွက်ဟု သိရသည်။ သတင်း၊ တင်ဆက် – မောင်ရွှေဝါ၊ ဟန်သစ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles