အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်ရေးတင်းမာနေသည့် ဝိုင်းမော်မြို့ စစ်ရေးအခြေအနေ

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားနှင့် ကပ်လျက် တည်ရှိသည့် ဝိုင်းမော်မြို့နယ်တွင် စစ်ရှောင်လာသူ ၁၀၀ ကျော်ကို အာဏာသိမ်းတပ်က ပစ်ခတ်ရာ အမျိုးသားတစ်ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရသွားသည်ဟု စစ်ရှောင်အရေးကူညီသူတစ်ဦးက ပြောသည်။ မေလ ၂၆ ရက်နေ့က ရွှေညောင်ပင်ရွာတွင် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၃၂၁ နှင့် တိုက်ပွဲဖြစ်ပွားရာ ငှက်ပျောခြံလုပ်သား ၁၀၀ ကျော် ပိတ်မိနေခဲ့ကြောင်း၊ ညပိုင်းတွင် ကချင်လွတ်လပ်ရေးတပ် KIA က လမ်းဖွင့်ပေးလိုက်ရာ တွဲကား၊ သုံးဘီးကားများဖြင့် ဝိုင်းမော်မြို့ထဲသို့ ထိုသူများ တိမ်းရှောင်ကြစဉ် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။ ကချင်ပြည်နယ်တွင်း ထိုးစစ် စတင်ခဲ့ပြီး နှစ်လကျော်အတွင်း တပ်ရင်းဌာနချုပ်ပေါင်း ၇ ခုအပါအဝင် စခန်းပေါင်း ၁၀၀ ခန့်နှင့် ရှမ်းမြောက်ရှိ မဘိမ်းမြို့၊ ကချင်ပြည်နယ်ရှိ အင်ဂျန်းယန်၊ ဆင်ဘို၊ ဆွမ်ပရာဘွမ်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်တို့ကို သိမ်းပိုက်ထားသည်။ သတင်း၊ တင်ဆက် – မင်းမောင်၊ ဟန်သစ်

Related Articles

Back to top button