ရုပ်သံသတင်း

ရက်တွက်မှားတဲ့အတွက် ဒုရဲမှူးဟောင်းမိုးရန်နိုင် မလွတ်သေး


အကျဉ်းထောင် အောက်ခြေဝန်ထမ်းတွေလွတ်ရက် တွက်ချက်မှု မှားယွင်းတာကြောင့် ဒီကနေ့ မလွတ်မြောက်နိုင်သေးဘဲ ဆက်လက်ထိန်းသိမ်းထားမယ်လို့ အင်းစိန်ထောင်မှူးက Myanmar Now ကိုပြောပါတယ်။

၂၀၁၈ခုနှစ်အတွင်းရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ထောင်ဒဏ် ၁ နှစ် ချမှတ်ခံထားရတဲ့ ဒုရဲမှူးဟောင်းမိုးရန်နိုင်ကို ၂၀၁၉ ဇန်နဝါရီလ ၂ ရက်နေ့မှာ ပြန်လည်လွတ်မြောက်မယ်လို့ အကျဉ်းဦးစီးအရာရှိတွေက ပြောဆိုခဲ့တာကြောင့် ကာယကံရှင်တွေရဲ့ မိသားစုတွေက ဒီနေ့ မှာအင်းစိန်ထောင်ကိုလာရောက်စောင့်ဆိုင်းခဲ့ကြတာဖြစ်ပါတယ်။

ဒုရဲမှူးဟောင်းမိုးရန်နိုင်က ရိုက်တာသတင်းထောက် ၂ ဦးကိုလုံခြုံရေးတပ်ဖွဲ့တွေက ထောင်ချောက်ဆင်ဖမ်းဆီးခဲ့တာဖြစ်ကြောင်း တရားရုံးမှာထွက်ဆိုခဲ့တာဖြစ်ပါတယ်။

ဦးမိုးရန်နိုင်ကို နိုင်ငံရေးအကျဉ်းသားတွေကိုကူညီစောင့်ရှောက်ပေးတဲ့ ဟံသာဝတီဦးတင်ဖောင်ဒေးရှင်းက ဂုဏ်ပြုခဲ့သလို Pen Myanmar ကလည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆုကိုပေးအပ်ခဲ့တာဖြစ်ပါတယ်။


ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)

[youtube https://youtu.be/ZLuRnfSFEP0]

Show More

Related Articles

Back to top button