အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်မှုထမ်းဥပဒေအတွက် လူသစ်စုပေးမည့် အုပ်ချုပ်ရေးမှူးများကို အရေးယူမည်ဟု TNLA သတိပေး

စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးမည့် အုပ်ချုပ်ရေးမှူးများကို ပြင်းထန်စွာအရေးယူမည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ယနေ့ (မတ် ၁၉) ရက်စွဲဖြင့် သတိပေးချက် ထုတ်ပြန်လိုက်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA စစ်ရေးလှုပ်ရှားမှုနယ်မြေများဖြစ်သော လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်မြို့နယ်တို့တွင် စစ်ကောင်စီက အတင်းအဓမ္မစစ်သားစုဆောင်နေကြောင်း၊ ပြည်သူများကို အတင်းအကျပ် စစ်မှုထမ်းခိုင်းမည့် စစ်ကောင်စီ၏ အစီအမံကို အုပ်ချုပ်ရေးမှူးအချို့က အကောင်အထည်ဖော်ပေးနေကြောင်းလည်း TNLA ၏ ထုတ်ပြန်ချက်က ဆိုသည်။ စစ်တပ်သမိုင်းတစ်လျှောက် နိုင်ငံတစ်ဝန်းတွင် မကြုံစဖူး စစ်ရေးဖိအားများနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ပြည်သူများ စစ်မှုမထမ်းမနေရဥပဒေကို ပြီးခဲ့သည့်လက အသက်သွင်းခဲ့သည်။ ထိုဥပဒေအရ အကျုံးဝင်သော နိုင်ငံတစ်ဝန်းရှိ အသက် ၁၈ မှ ၃၅ နှစ်အတွင်း အမျိုးသားများ၏ အမည်စာရင်းကောက်ခံခြင်း၊ မဲနှိုက်ခြင်းများကို စစ်တပ်ဩဇာခံ အုပ်ချုပ်ရေးမှူးများက တက်တက်ကြွကြွ အကောင်အထည်ဖော်ပေးနေသည်။ ပြည်သူများကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းမည့် စစ်ကောင်စီဩဇာခံ အုပ်ချုပ်ရေးမှူးများကို ပြင်းထန်စွာအရေးယူမည်ဟု ထုတ်ပြန်လိုက်သော ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ ပြန်ကြားရေးအရာရှိ လွေးယေဦးကို ဆက်သွယ်မေးမြန်းထားသည်။ မေးမြန်း – မြတ်ပန်း

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button