
လူငယ်အမျိုးသမီး ကိုယ်စားလှယ်လောင်း မော်မိုးမြာသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြုပြီး ရှားတောမြို့နယ်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရာ NLD ကိုယ်စားလှယ်လောင်းအား အနိုင်ရရှိခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ရှားတောမြို့နယ်၌ NLD ပါတီမှ အနိုင်ရရှိခဲ့ပြီး ထိုအချိန်က မော်မိုးမြာသည် NLD ပါတီ အောင်နိုင်ရေးအတွက် ဝန်းရံပေးခဲ့သူလည်း ဖြစ်သည်။
(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)
သတင်းနှင့်ရိုက်ကူး – ကေဇွန်နွေး/Myanmar Now
[youtube https://youtu.be/KYPEvcGpKp8]