အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံ

စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့နှင့် ဆက်သွယ်မေးမြန်းချက်

စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်းပြီး တစ်လခန့်အကြာမှာပင် နိုင်ငံတစ်ဝန်းရှိ အသက် ၁၈ မှ ၃၅ နှစ်အတွင်း အမျိုးသားများ၏ အမည်စာရင်းကို ကောက်ခံရန် စစ်ကောင်စီက ညွှန်ကြားလိုက်ပြီဖြစ်သည်။ ရန်ကုန်၊ နေပြည်တော် အပါအဝင် ဒေသတချို့တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများဦးဆောင်ပြီး လွန်ခဲ့သည့် ရက်ပိုင်းကစတင်ကာ အသက်အရွယ် အကျုံးဝင်သူများ၏ စာရင်းကောက်ယူခြင်း၊ ရပ်ကွက်ရုံးသို့ ဆင့်ခေါ်ခြင်း၊ အချို့မြို့နယ်များတွင် မဲနှိုက်ပြီး လူရွေးချယ်ခြင်းတို့ ပြုလုပ်နေသည်။ အိမ်ထောင်စုစာရင်းအရ စစ်မှုထမ်းရန် အသက်အကျုံးဝင်သူ တစ်ဦးဦးသည် နေအိမ်တွင် မရှိပါက၊ ကျန်ရှိသည့် မိဘအုပ်ထိန်းသူ သို့မဟုတ် ဆွေမျိုးသားချင်းတစ်ဦးဦးက ခိုင်လုံသည့် အကြောင်းပြချက် ပေးနိုင်ရမည်ဟု စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြောသည်။ အကြောင်းပြချက်မခိုင်လုံပါက ‘တရားခံပြေး’ အဖြစ်သတ်မှတ်မည်ဟု ဆိုသည်။ စစ်မှုမထမ်းလို၍ တိမ်းရှောင်ပါက အုပ်ထိန်းသူကို အရေးယူ၊ မယူရန် ကိစ္စကို မကြာခင် ထွက်ရှိလာမည့် စစ်မှုထမ်းနည်းဥပဒေတွင် ထည့်သွင်းသွားမည်ဟုလည်း ဆိုသည်။ ယခုနှစ်၊ မေလအတွင်း လူ ၅၀၀၀ ခန့်ကို စတင်၍ ပထမဆုံး စစ်သင်တန်းပို့ချရန် စစ်ကောင်စီက စီစဉ်ထားသည့် အခြေအနေများနှင့်ပတ်သက်ပြီး ‘စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့’ က ဖြေကြားထားသည်။ သတင်း – စထွန်းအောင်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button