ရုပ်သံသတင်း

ကယားပြည်နယ်ရှိ မဲဆန္ဒနယ်ထက်ဝက်ကျော် NLD အနိုင်ရ

လက်ရှိအာဏာရ NLD ပါတီသည် ကယားတစ်ပြည်နယ်လုံးတွင်ရှိသော မဲဆန္ဒနယ် စုစုပေါင်း ၃၄ နေရာထဲမှ နေရာ ၂၀ အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုလွှတ်တော်နေရာအတွက် ၁၁ နေရာ ပြည်နယ်လွှတ်တော်အတွက် ၈ နေရာ နှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာ အနိုင်ရရှိခဲ့ပါသည်။ ပြည်နယ်အခြေစိုက်ပါတီဖြစ်သည့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP)သည် လွှတ်တော်သုံးရပ်အတွက် စုစုပေါင်း ၈ နေရာဖြင့် ဒုတိယအများဆုံး အနိုင်ရခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီသည် လွှတ်တော်သုံးရပ်အတွက် စုစုပေါင်း ၆ နေရာဖြင့် တတိယအများဆုံးအနိုင်ရရှိခဲ့ပါသည်။

(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)

သတင်းနှင့်ရိုက်ကူး – ကေဇွန်နွေး/Myanmar Now

[youtube https://youtu.be/BXLSb4ljT_s]

Show More

Related Articles

Back to top button