အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မယ်စဲ့မှာ ဦးအယ်လ်ဖောင်းရှိုအပါအဝင် NLD ကိုယ်စားလှယ်အားလုံးအနိုင်ရ

လွန်ခဲ့သည့် ၂ လကျော်က ကယားပြည်နယ် ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲခံခဲ့ရသည့် ဦအယ်လ်ဖောင်းရှိုသည့် ရွေးကောက်ပွဲကို မယ်စဲ့မြို့တွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၎င်းအပါအဝင် NLD ပါတီမှ ကိုယ်စားလှယ်လောင်းများသည် မဲဆန္ဒနယ်အားလုံးတွင် အနိုင်ရခဲ့ပါတယ်။ ဦအယ်လ်ဖောင်းရှိုသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂,၅၂၂ ဦးထဲမှ ခိုင်လုံမဲ ၁၉၂၉ ရရှိပြီး ဒုတိယမဲအများဆုံးရသည့် KySDP က ပြိုင်ဘက်အား အပြတ်အသတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။

(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)

သတင်းနှင့်ရိုက်ကူး – ကေဇွန်နွေး/Myanmar Now

[youtube https://youtu.be/zoDEbtpEGZs]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button