အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရွေးကောက်ပွဲ

လက်ရှိမဲရလဒ်များအရ အစိုးရဖွဲ့နိုင်မည်ဟု NLD ယုံကြည်

နိုင်ငံတစ်ဝန်းရှိ ၂၀၂၀ ရွေးကောက်ပွဲရလဒ်များ အပြည့်အစုံ မသိရသေးသော်လည်း ယနေ့ (နိုဝင်ဘာ ၉) နံနက်ပိုင်းအချိန်အထိ ရရှိထားသည့် ကိန်းဂဏန်းများအရ နောက်တစ်ကြိမ်အစိုးရဖွဲ့နိုင်မည့် လွှတ်တော်ခုံအရေအတွက် ပြတ်သားစွာအနိုင်ရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

“မဲရလဒ်မှာ လက်ရှိဦးဆောင်နေတဲ့အတိုင်းဆိုရင်တော့ ကျွန်တော်တို့က အစိုးရဖွဲ့နိုင်လိမ့်မယ်လို့တော့ မျှော်လင့်ထားတယ်” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Now ကို ပြောသည်။

ယနေ့နံနက်အထိ ရရှိထားသောစာရင်းများအရ တိုင်းဒေသကြီးများတွင် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲရလဒ်ထက် သာလွန်သောအောင်မြင်မှုကို ရရှိထားသော်လည်း ပြည်နယ်များတွင် အရေးနိမ့်မည့် နေရာများ ပိုများလာနိုင်သည်ဟု ၎င်းက သုံးသပ်သည်။

“မကွေး၊ ဧရာဝတီတိုင်းတို့က တိုင်းလုံးကျွတ် နိုင်တယ်။ ဧရာတီတိုင်းမှာ အရင်က ရှုံးခဲ့တဲ့ ကျောင်းကုန်း၊ ငပုတော၊ ကန်ကြီးထောင့်တို့မှာ အပြည့်အဝနိုင်တယ်လို့ သိထားပါတယ်။ ရန်ကုန်တိုင်းကတော့ ကိုကိုကျွန်းကလွဲရင် အားလုံးနိုင်တယ်ပေါ့။ အဲဒီလိုသိရပေမယ့် စာရင်းတွေက မပြည့်စုံသေးပါဘူး” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now က အတည်ပြုထားနိုင်ပြီးသော မဲရလဒ်များအရ မန္တလေးတိုင်း၊ နေပြည်တော်၊ ရန်ကုန်တို့တွင် ပြတ်သားသည့် အနိုင်ရလဒ်များ NLD က ရရှိထားပြီ ဖြစ်သည်။ သို့သော်လည်း ကချင်နှင့် ကယားပြည်နယ်တို့တွင် ပြည်ခိုင်ဖြိုးနှင့် ဒေသခံတိုင်းရင်းသားပါတီများ အနိုင်ရသည့်နေရာများလည်း ရှိနေသည်။ 

လက်ရှိအာဏာရပါတီ NLD အနေဖြင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း အနည်းဆုံး ၃၂၂ နေရာ အနိုင်ရရှိမှသာ သမ္မတဖြစ်သူကို ရွေးကောက်နိုင်မည်ဖြစ်ပြီး အစိုးရဖွဲ့နိုင်မည် ဖြစ်သည်။ 

အဆိုပါအရေအတွက်ကို NLD မရရှိပါက ပြည်ခိုင်ဖြိုး သို့မဟုတ် တပ်မတော်နှင့် နီးစပ်သော အခြားနိုင်ငံရေးပါတီများအစုအဖွဲ့သည် ၁၅၆ နေရာ အနိုင်ရရုံဖြင့် ရွေးကောက်ခံမဟုတ်သည့် တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦးနှင့် ပူးပေါင်းကာ အစိုးရဖွဲ့နိုင်မည်ဖြစ်သည်။ 

“ဒီရွေးကောက်ပွဲက ပြည်သူရဲ့နိုင်ငံရေးတက်ကြွမှုရေချိန်ကို ဖော်ပြတဲ့ ဖြစ်စဉ်တစ်ခုလည်း ဖြစ်တယ်လို့ ထင်ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ NLD က နိုင်ငံရဲ့အနာဂတ်အတွက် ကောင်းမွန်တဲ့အလားအလာလို့ သုံးသပ်ထားပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

လက်ရှိအချိန်တွင် တစ်နိုင်ငံလုံးရှိ မဲရလဒ်များအားလုံးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြု ထုတ်ပြန်ထားခြင်း မရှိသေးပေ။

(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles