အာဏာသိမ်းစစ်ကောင်စီ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အသက်သွင်းလိုက်သည့် စစ်ထဲမဝင်မနေရ ဥပဒေကြောင့် အိမ်နီးချင်းထိုင်းအပါအဝင် ပြည်ပနိုင်ငံများသို့ မြန်မာလူငယ်များ အလုံးအရင်းထွက်ခွာရန် စီစဉ်နေကြောင်း သိရသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲများတွင် ဆက်တိုက်ရှုံးနိမ့်နေပြီး စစ်သည်အင်အား အလွန်အမင်း လိုအပ်နေသည့် စစ်ကောင်စီက အရွယ်ရောက်သူများကို တပ်ထဲထည့်နိုင်ရန် လွန်ခဲ့သည့် ၁၄ နှစ်က စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ခြင်းဖြစ်သည်။ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ချက်ချင်းဆိုသလို လူငယ်အများအပြားက ပြည်ပထွက်ခွာရန် စီစဉ်လာကြရာ ရန်ကုန်မြို့ရှိ ထိုင်းနှင့် နိုင်ငံတကာသံရုံးအချို့တွင် ဗီဇာလျှောက်သူ၊ လေယာဉ်လက်မှတ်ဝယ်ယူသူအရေအတွက် သိသိသာသာများပြားလာကြောင်း ခရီးသွားအေဂျင်စီများ၊ ခရီးထွက်ရန် စီစဉ်သူများထံမှ စုံစမ်းသိရှိရသည်။ သတင်း၊ တင်ဆက် – ဟန်သစ်
Read Next
သတင်း
September 30, 2024
စစ်ဘေး၊ ရေဘေးသင့်နေချိန် စစ်မှုထမ်းအပတ်စဉ်(၆)အတွက် အတင်းအကျပ် လူသစ်စုနေ
သတင်း
September 13, 2024
ထိုင်းထောင်များမှ လွတ်လာသူများ စစ်ကောင်စီကို ပြန်တိုက်မည်ဟုဆို
September 30, 2024
စစ်ဘေး၊ ရေဘေးသင့်နေချိန် စစ်မှုထမ်းအပတ်စဉ်(၆)အတွက် အတင်းအကျပ် လူသစ်စုနေ
September 13, 2024
ထိုင်းထောင်များမှ လွတ်လာသူများ စစ်ကောင်စီကို ပြန်တိုက်မည်ဟုဆို
September 4, 2024
မကွေးနှင့်ပဲခူးတွင် ညဘက် စစ်သားစုဆောင်း၊ လူငယ်များ အိမ်မှ တိမ်းရှောင်နေရ
August 29, 2024
အဓမ္မစစ်မှုထမ်းခိုင်းမည်ကို အထည်ချုပ်အလုပ်သမားများ စိုးရိမ်လာ
August 28, 2024