
ထိုင်းမြန်မာနယ်စပ် ကယားပြည်နယ် မယ်စဲ့မြို့တွင် လူဦးရေ ၈၀၀၀ ခန့်သာရှိပြီး၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၅၀၀၀ ကျော်သာရှိသော်လည်း နိုင်ငံရေးပါတီပါတီ ၇ ခုမှ ကိုယ်စားလှယ်လောင်း ၂၅ ဦးဝင်ပြိုင်မည်ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဦးအယ်လ်ဖောင်းရှိုသည် မယ်စဲ့မြို့မှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရကာ ကယားပြည်နယ်၏ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ယခုအခါ ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲခံရသော်လည်း လာမည့်ရွေးကောက်ပွဲအတွက် NLD ပါတီကို ကိုယ်စားပြုပြီး မယ်စဲ့မြို့တွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
သတင်းနှင့်ရိုက်ကူး – ကေဇွန်နွေး/Myanmar Now
[youtube https://youtu.be/DLDvqP9h7ZA]