အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ဦးအယ်လ်ဖောင်းရှိုနှင့် ပြည်နယ်လွှတ်တော်အငြင်းပွားမှု ခုံရုံးမှ အပြီးသတ်အမိန့်ချ

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်းရှို စွပ်စွဲပြစ်တင်ခံရမှုနှင့် ပတ်သက်ပြီး အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဝန်ကြီးချုပ်ဟောင်း လျှောက်ထားတင်သွင်းသည့်အတိုင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးလိုက်သည်။ ဦးအယ်လ်ဖောင်းရှိုသည် ခုံရုံးကို တင်သွင်းခွင့်ရှိသူ ဟုတ်မဟုတ်၊ စွပ်စွဲပြစ်တင်သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ငါးဦးထဲမှ တစ်ဦးနုတ်ထွက်ထားသည့်အတွက် စွပ်စွဲမှုမြောက်မမြောက်နှင့် စွပ်စွဲပြစ်တင်သူ သုံးဦးကို လွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့အတွင်း ထည့်သွင်းထားမှုသည် ဥပဒေနှင့် ညီမညီဟူသော ပြဿနာသုံးရပ်အပေါ် အောက်တိုဘာ ၆ ရက်တွင် နှစ်ဖက်ကြားနာခဲ့ပြီး အောက်တိုဘာလ ၂၇ ရက်နေ့တွင် အပြီးသတ်အမိန့် ချမှတ်ခဲ့သည်။

သတင်းနှင့်ရိုက်ကူး – ကေဇွန်နွေး/Myanmar Now

[youtube https://youtu.be/VYG7hR0zih8]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles