အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မီးလောင်ပြင်ထဲမှာ ရိုဟင်ဂျာတွေ ဘယ်လိုနေထိုင်နေကြရသလဲ

မီးလောင်မှု တစ်ပတ်နီးပါး ရှိလာချိန်အထိ ပြန်လည်ထူထောင်ရေးတွေ စတင်နိုင်တာ မရှိသေးဘဲ နေအိမ်ဆုံးရှုံးခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မီးလောင်ပြင်ထဲမှာပဲ ဖြစ်သလို တဲထိုးပြီး နေထိုင်နေကြရတာကို တွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ ဆောင်းတွင်းအအေးဒဏ်ကို ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အဓိက ခံစားနေကြရတယ်။ ဇန်နဝါရီ ၇ရက် တနင်္ဂနွေနေ့မနက်ပိုင်းက အကြီးအကျယ် မီးလောင်မှုကြောင့် ကူတူပါလောင် ဒုက္ခသည်စခန်းအမှတ် ၅ က နေအိမ်ပေါင်း ၈၀၀ ကျော် မီးလောင်ပျက်စီးပြီး လူဦးရေ ၇၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။ မီးလောင်ပျက်စီးသွားတဲ့အထဲမှာ နေအိမ်တွေအပြင် ဗလီတွေ၊ စာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေအပါအဝင် အိမ်သာ၊ ရေချိုးဆောင်နဲ့ ဆိုလာပြားတွေလည်း မီးလောင်သွားတယ်လို့ သိရပါတယ်။ နေအိမ်ဆုံးရှုံးခဲ့သူတစ်ဦးဖြစ်တဲ့ ဦးဖော်ယာဇုလ်အီစ္စလာမ်ကတော့ ရေချိုးခန်းနဲ့ အိမ်သာ မရှိတာကြောင့် သူ့ရဲ့ ဇနီးနဲ့ သမီးတွေရဲ့ အရှက်သိက္ခာအတွက် စိုးရိမ်ကြောင်း ပြောပါတယ်။ ရိုက်ကူး – Mohammed Zonaid & Omar Farooq

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… လှူဒါန်းနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button