
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) သည် အစ္စလာမ်ဘာသာဝင် ၄၂ ဦးကို ကိုယ်စားလှယ်လောင်းအဖြစ် လျာထားကြောင်း သတင်းအမှားဖြင့် မဲဆွယ်စည်းရုံးဟောပြောခဲ့သူ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကို ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားရန် စီစဉ်နေသည်ဟု ပန်းဘဲတန်းမြို့နယ် NLD ပါတီဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်က ပြောသည်။ ဦးမောင်မြင့်သည် မင်းကင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အောက်တိုဘာလဆန်းက မဲဆွယ်စည်းရုံးရေးဟောပြောခဲ့ရာ၌ အစ္စလာမ်ဘာသာဝင်ကိုယ်စားလှယ်လောင်းများ ပါဝင်နေမှုနှင့် ပတ်သက်၍ အာဏာရ NLD ပါတီကို ပုတ်ခတ်ပြောဆိုခဲ့သည်။
သတင်းနှင့်ရိုက်ကူး – ဖြိုးထက်အောင်၊ ခင်မို့မို့လွင်/Myanmar Now
[youtube https://youtu.be/byphB86M4VU]