
အောက်တိုဘာလ ၁၅ ရက်နေ့က ကယားပြည်နယ်တွင် ပထမဆုံးအနေဖြင့် ကိုဗစ်နိုင်တင်းအတည်ပြုလူနာတစ်ဦး တွေ့ရှိရသည်။ ရန်ကုန်တွင် သူနာပြုသင်တန်း တက်ပြီးပြန်လာသည့် သူနာပြုတစ်ဦးအား ကွာရန်တင်းထားရှိစဉ် စစ်ဆေးခဲ့ရာ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ လူနာကို လွိုင်ကော်မြို့ ခုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးတွင် ကုသပေးလျက်ရှိပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းသိရသည်။ ပထမဆုံးရောဂါပိုးတွေရှိမှုကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်လျက်ရှိကြသည်။
သတင်းနှင့်ရိုက်ကူး – ကေဇွန်နွေး/Myanmar Now
[youtube https://youtu.be/4fUy956noOU]