ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့တွင် ၂ နှစ်ကြာ တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်များ ယခုနှစ် ဒီဇင်ဘာတွင် မြို့ကို စွန့်ခွာပြီးနောက် တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။ မြို့တော် လွိုင်ကော်တွင် ၁၁.၁၁ စစ်ဆင်ရေး စတင်ပြီးနောက် လွိုင်ကော်မြို့တောင်ဘက် ကပ်လျက် ဒီးမော့ဆိုမြို့ကိုလည်း တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်သားများ ဆုတ်ခွာထွက်ပြေးသွားခြင်းဖြစ်သည်။ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဒီးမော့ဆိုမြို့ အခြေအနေကို Myanmar Now သတင်းထောက်က ရိုက်ကူးထားပါသည်။ ရိုက်ကူး၊ တင်ဆက် – အက်စတာဂျေ၊ ဟန်သစ်
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… လှူဒါန်းနိုင်ပါသည်။