
အောက်တိုဘာလ ၁၁ ရက်နေ့က ကယားပြည်နယ် ဒီးမော့ဆိုမြို့တွင် NLD ပါတီထောက်ခံဝန်းရံသူများ အင်အားပြမှု ပြုလုပ်ခဲ့ပြီး ကားအစီးခုနှစ်ရာကျော် ဆိုင်ကယ်အစီးတစ်ထောင်ကျော်နှင့် လူအင်အား တစ်သောင်းခွဲကျော်ပါဝင်ခဲ့ကာ လွိုင်ကော်မြို့မှ NLD ထောက်ခံသူများလည်း လာရောက်ဝန်းရံသည်ကို တွေ့ရပါသည်။ ကယားပြည်နယ်တွင် လူဦးရေသုံးသိန်းကျော်ရှိပြီး မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင် နှစ်သိန်းကျော်ရှိကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က မဲဆန္ဒနယ် ၃၄ နေရာလုံးအပြည့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
သတင်းနှင့်ရိုက်ကူး – ကေဇွန်နွေး/Myanmar Now
[youtube https://youtu.be/y3R8ltWxGKg]