အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

လောက်ကိုင်ရှိ စစ်ကောင်စီဘက်တော်သား လက်ကျန်များကို ခြေရာခံခြင်း

မြောက်ပိုင်းမဟာမိတ်တပ်များက သိမ်းပိုက်ရန် ပြင်ဆင်နေသည့် ကိုးကန့်ဒေသမြို့တော် လောက်ကိုင်ကို ခုခံရေးတွင် စစ်ခေါင်းဆောင် စိတ်ကြိုက်ရွေးချယ်ထားသည့် တပ်မှူးများက ဦးစီးမည်ဖြစ်သည်။ ထိုတပ်မှူးများသည် မကြာမီကမှ မြန်မာ-တရုတ်နယ်စပ်ရှိ လောက်ကိုင်ကို ရောက်လာကြသူများဖြစ်သည်။

လောက်ကိုင်မြို့တွင်း၌ မြန်မာစစ်တပ်ကို သစ္စာခံသည့် ကိုးကန့်ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် အကြီးအကဲများလည်း ရှိနေသည်။ ၎င်းတို့အတွက် စစ်ပွဲအနိုင်ရပါက ပိုနေမြဲကျားနေမြဲဘဝဖြင့် လက်နက်ကိုင်စီးပွားရေးသမားများအဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်သော်လည်း ရှုံးနိမ့်ခဲ့ပါက အရာအားလုံးကို စွန့်လွှတ်ကြရမည်ဖြစ်သည်။

စစ်ကောင်စီဘက်တော်သားများအတွက် လောက်ကိုင်တိုက်ပွဲသည် စစ်ပွဲတစ်ခုထက်ပိုနိုင်ပြီး ၎င်းတို့၏ အနာဂတ်ဘဝတစ်လုံးကို အဆုံးအဖြတ်ပေးမည့်တိုက်ပွဲလည်း ဖြစ်လာမည်ဖြစ်သည်။

၎င်းတို့အကြောင်း ပုံပြသတင်းဆောင်းပါးကို ဖော်ပြလိုက်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button