ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကဲ့သို့ မြို့ကြီးများရှိ စက်သုံးဆီဆိုင်အများစုတွင် ဆီပြတ်လပ်မှု ဆက်လက်မြင့်တက်နေပြီး ယနေ့ (နိုဝင်ဘာ ၆) တွင် အရောင်းပိတ်ထားရသည့် ဆိုင်များစွာရှိလာပြီး ဆီဆိုင်တချို့တွင်လည်း ခွဲတမ်းဖြင့် ရောင်းချနေသဖြင့် ပြည်သူအများ အချိန်များစွာပေးကာ တန်းစီဝယ်ယူနေကြရသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ လျှပ်စစ်မီးပြတ်တောက်မှု၊ ဆီပြတ်လပ်မှု စသည့် အထွေထွေအကျပ်အတည်းများစွာကို မြန်မာပြည်သူများ ရင်ဆိုင်နေကြရသည်။ သတင်း၊ တင်ဆက် – ဟန်သစ်
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… လှူဒါန်းနိုင်ပါသည်။