ရုပ်သံသတင်း

ရှမ်းမြောက်တွင် တပ်ရင်းလိုက် အလံဖြူထောင် အလင်းဝင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသတွင် အခြေစိုက်သည့် အမှတ် ၁၂၅ ခြေလျင်တပ်ရင်း (ခလရ ၁၂၅) တစ်ရင်းလုံး ယမန်နေ့ (နိုဝင်ဘာ ၂၈) က လက်နက်ချ အလင်းဝင်လာသည်ဟု ကိုးကန့်တပ် MNDAA က ယနေ့ အတည်ပြုသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ က လောက်ကိုင်အခြေစိုက် ခလရ ၁၂၉ တပ်ရင်း တစ်ရင်းလုံးနှင့် တပ်မိသားစုဝင်များအားလုံး လက်နက်ချ အလင်းဝင်ခဲ့ပြီးနောက် ကုန်းကြမ်း ခလရ ၁၂၅ မှာ တပ်ရင်းလိုက် လက်နက်ချ အလင်းဝင်သည့် ဒုတိယမြောက်တပ်ရင်းဖြစ်သည်။ ခလရ ၁၂၅ သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံဖြစ်ပြီး လောက်ကိုင်အခြေစိုက်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-လောက်ကိုင်) ၏ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းခုနှစ်ခုအနက်မှ တစ်ခုဖြစ်သည်။ မေးမြန်း – ကိုချို

Show More

Related Articles

Back to top button