အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ရှမ်းမြောက်တွင် တပ်ရင်းလိုက် အလံဖြူထောင် အလင်းဝင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသတွင် အခြေစိုက်သည့် အမှတ် ၁၂၅ ခြေလျင်တပ်ရင်း (ခလရ ၁၂၅) တစ်ရင်းလုံး ယမန်နေ့ (နိုဝင်ဘာ ၂၈) က လက်နက်ချ အလင်းဝင်လာသည်ဟု ကိုးကန့်တပ် MNDAA က ယနေ့ အတည်ပြုသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ က လောက်ကိုင်အခြေစိုက် ခလရ ၁၂၉ တပ်ရင်း တစ်ရင်းလုံးနှင့် တပ်မိသားစုဝင်များအားလုံး လက်နက်ချ အလင်းဝင်ခဲ့ပြီးနောက် ကုန်းကြမ်း ခလရ ၁၂၅ မှာ တပ်ရင်းလိုက် လက်နက်ချ အလင်းဝင်သည့် ဒုတိယမြောက်တပ်ရင်းဖြစ်သည်။ ခလရ ၁၂၅ သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံဖြစ်ပြီး လောက်ကိုင်အခြေစိုက်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-လောက်ကိုင်) ၏ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းခုနှစ်ခုအနက်မှ တစ်ခုဖြစ်သည်။ မေးမြန်း – ကိုချို

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button