စစ်အာဏာသိမ်းပြီးနောက် နိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်တပ်ဖွဲ့များ ဦးဆောင်ပြီး စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများပြင်းထန်နေသည်။ နိုင်ငံလွတ်လပ်ရေး မတိုင်မီခေတ်ကပင် ပေါ်ပေါက်ခဲ့သည့် မာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ) ၏ လက်နက်ကိုင်တပ်များသည်လည်း အရှေ့မြောက်ဒေသ တိုက်ပွဲများတွင် ညီနောင်မဟာမိတ်တပ်များနှင့်အတူ တိုက်ပွဲဝင်နေကြသည်။ ၁၉၃၉ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ) သည် နိုင်ငံလွတ်လပ်ရေး ရပြီးနောက် ၁၉၄၈ မှ စတင်ပြီး လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့သည်၊ ၁၉၈၉ ခုနှစ် ပါတီတွင်း ပုန်ကန်မှုများ ပေါ်ပေါက်ခဲ့ပြီးနောက် ပါတီခေါင်းဆောင်များသည် တရုတ်နိုင်ငံတွင် သွားရောက်နေထိုင်ကြသည်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဗ.က.ပ၏ လက်နက်ကိုင်တပ်ဖြစ်သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို တည်ထောင်ခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ခြေကုပ်ယူကာ ယခု ဖြစ်ပွားနေသည့် နိုင်ငံအရှေ့မြောက်ပိုင်းက စစ်ပွဲများတွင် PLA တပ်ဖွဲ့ဝင်များလည်း တိုက်ပွဲဝင်နေကြသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ) ၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းကို လူထုသတင်းစာတိုက်ပိုင်ရှင် လူထုဦးလှနှင့် လူထုဒေါ်အမာတို့က မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။ ကိုကိုးကျွန်းပြန်နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦးလည်းဖြစ်ပြီး စာရေးဆရာတစ်ဦးလည်းဖြစ်သူ ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဖိုးသံချောင်းကို လက်ရှိဖြစ်ပွားနေသည့် တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ပွဲများအရေး၊ တရုတ်နိုင်ငံ၏ မြန်မာ့နိုင်ငံရေးအပေါ် သဘောထားများကို Myanmar Now က မေးမြန်းထားသည်။ မေးမြန်း – ကိုချို
နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း
Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။
Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။
မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။



